Connect with us

International Organizations

ဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့်အနည်းဆုံးဟေတီနိုင်ငံသား ၁.၄ သန်း အရေးပေါ်ထောက်ပံ့မှုလိုအပ်နေကြောင်း ဘန်ကီမွန်းပြော

ဟေတီ၌ ဟာရီကိန်းမုန်တိုင်းဒဏ်ခံရပြီးနောက် အပျက်အစီးပုံများအားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ဟေတီနိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းဒဏ်ခံရပြီးနောက် ပြည်သူ ၁.၄ သန်းမှာ အရေးပေါ်ထောက်ပံ့ကူညီမှုများလိုအပ်နေကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အောက်တိုဘာလ ၁ဝ ရက်တွင် သတင်းသမားများအားပြောကြားလိုက်သည်။

ဟာရီကိန်းမုန်တိုင်းကြောင့် ဟေတီနိုင်ငံအတွင်းရှိ မြို့ရွာအချို့မှာ လုံးဝပျက်စီးသွားပြီး ဝမ်းရောဂါကဲ့သို့ရောဂါဘယကပ်ဘေးဆိုက်လာရန်အန္တရာယ်အလွန်ကြီးမားလာနေကြောင်း ဘန်ကဆိုသည်။

ကုလသမဂ္ဂအဖွဲ့အနေဖြင့် လာမည့်သုံးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၂ဝ ကို အရေးပေါ်ထောက်ပံ့ကူညီသွားရန် စီစဉ်ထားကြောင်း နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကုလသမဂ္ဂနှင့်အတူတကွလက်တွဲ၍ ဝိုင်းဝန်းကူညီသွားကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဟေတီနိုင်ငံ၌ ဝမ်းရောဂါဖြစ်ပွားလာခြင်းမရှိစေရန် သောက်သုံးရေရရှိရေး ၊ မိလ္လာစနစ် နှင့် ကျန်းမာရေးစနစ်များကို အကူအညီပေးကြရန် ကုလသမဂ္ဂအကြီးအကဲက ထပ်မံတိုက်တွန်းခဲ့သည်။

အင်အားပြင်ထန်းသော ဟာရီကိန်းမုန်တိုင်းသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဟေတီနိုင်ငံအား အောက်တိုဘာလ ၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့သည်။ အဆိုပါ မုန်တိုင်းကြောင့် လူနေအိမ်ပေါင်း ၂ဝဝဝဝ ကျော် ပျက်စီးသွားခဲ့ကြောင်း ၊ လူပေါင်း ၁၅၆ဝဝကို ကယ်တင်ထားရကြောင်း နှင့် မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ ၁ဝဝဝ ကျော်ရှိလာနိုင်ကြောင်း ကုလသမဂ္ဂစာရင်းဇယားများအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.