Connect with us

Latin America

ကိုလံဘီယာနိုင်ငံ ဆန္ဒပြမှုတွင် အနည်းဆုံးလူ၃ဦးသေဆုံး

ကိုလံဘီယာနိုင်ငံ ဆန္ဒပြမှုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဘိုဂိုတာ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) 

ကိုလံဘီယာနိုင်ငံ၏ အနောက်ပိုင်း Valle del Cauca ပြည်နယ် တွင် နိုဝင်ဘာ ၂၁ ရက်တွင်ဖြစ်ပွားခဲ့သည့် နိုင်ငံလုံးဆိုင်ရာဆန္ဒပြမှုတစ်ခုတွင် အနည်းဆုံးလူ ၃ ဦး သေဆုံးခဲ့ကြောင်း ကိုလံဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီး Carlos Holmes Trujillo က နိုဝင်ဘာ ၂၂ ရက်တွင်ပြောသည်။ 

ဆူပူမှုဖြစ်ပွားပြီး နာရီအနည်းငယ်အတွင်းတွင် Buenaventura dueမှ သေဆုံးသူ ၂ ဦး၊ Candelaria သေဆုံးသူ၁ဦးရှိပြီး မြို့၂ မြို့လုံးသည် Valle (del Cauca) ပြည်နယ်တွင်ရှိသော မြို့များဖြစ်ကြောင်း Holmes Trujillo က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။ 

နိုဝင်ဘာလ ၂၁ ရက်တွင်ညတွင် လူတစ်စုက Buenaventura ရှိ ဈေးဝယ်စင်တာ တစ်ခုကို တိုက်ခိုက်လုယက်ရန် ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် လူ ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ၏ ပြောကြားချက်အရ သိရသည်။

ကိုလံဘီယာနိုင်ငံတွင် တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှုကြီးတွင် လူပေါင်း ၂၅၃,၀၀၀ ဝန်းကျင်ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် အချို့သောသောသူများကိုဖမ်းဆီးခဲ့ရပြီး မြို့ကြီးများရှိ အဆောက်အဦးအများအပြား ပျက်ဆီးခဲ့ကြောင်း၊ တိုင်းပြည်အတွင်းအပျက်အစီးများအားပြန်လည်ပြုပြင်ရန် အမိန့်ထုတ်ခဲ့ကြောင်း ဝန်ကြီးကရှင်းလင်းပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.