Connect with us

Latin America

ကျူးဘားတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံး

ကျူးဘားတွင် ၂၀၁၇ ခုနှစ်က မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများအား မြင်တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဟာဗာနာ ၊ မေ ၃၀ ရက်(ဆင်ဟွာ)

ကျူးဘားတွင် Alberto မုန်တိုင်းကြောင့် မိုးများ ရက်ဆက် ရွာသွန်းခဲ့ရာ လူ ၄ ဦးသေဆုံးပြီး လမ်းတံတား၊လူနေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

Alberto မုန်တိုင်းကြောင့် မိုးရွာခြင်း၊ရေကြီးရေလျှံဖြစ်ခြင်းများ ဖြစ်ပွားခဲ့ရာ မေ၂၉ ရက်နေ့ညပိုင်းအထိ သေဆုံးသူ ၄ ဦး ရှိကြောင်း၊ ၎င်းတို့အနက် ၂ ဦးမှာ Ciego de Ávila ပြည်နယ်မှဖြစ်ပြီး ကျန် ၂ ဦးမှာ Villa Clara နှင့် Sancti-Spíritus ပြည်နယ်များမှ ဖြစ်ကြောင်း ကျူးဘားနိုင်ငံပိုင်ရုပ်မြင်သံကြားသတင်း များအရ သိရသည်။

မုန်တိုင်းသည် မေ ၂၆ ရက်မှစ၍ ကျူးဘားတွင် စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျူးဘားနိုင်ငံ အလယ်ပိုင်းဒေသရှိ လူပေါင်း ၄၃၀၀၀ ခန့် သုံးစွဲစရာလျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ထိခိုက်ပျက်စီးသည့် လူနေအိမ်ခြေ ၁၃၈၄ အိမ် ရှိကြောင်း ၊ ဆန်၊ပဲ၊ဆေးရွက်ကြီး၊ငှက်ပျော စသည့် လယ်ယာထွက်ကုန် ပစ္စည်းအမြောက်အမြားပျက်စီးခဲ့ကြောင်း၊ လုံခြုံရေးအတွက် ၎င်းဒေသရှိ လူပေါင်း ၅၁၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

မနှစ်က ကျူးဘားတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး လူပေါင်း ၁၇ သိန်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ၊ မုန်တိုင်းနှင့် ရေကြီးမှုကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.