Connect with us

Latin America

ကျူးဘားနိုင်ငံသမ္မတ ၂၀၁၈ခုနှစ်တွင် ရာထူးမှ အနားယူမည်

ကျူးဘားနိုင်ငံ သမ္မတ ရောလ်ကတ်စ်ထရိုအားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗာနာ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံသမ္မတ ရောလ်ကတ်စ်ထရို က ၎င်းသည် ၂၀၁၈ခုနှစ် ဧပြီလတွင် ရာထူးမှ အနားယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် အတည်ပြုပြောကြားလိုက်ပြီး ယင်းကာလ၌ နောင် ၅နှစ်သက်တမ်းအတွက် နိုင်ငံ၏ ခေါင်းဆောင်သစ်တစ်ဦးအား ရွေးကောက်တင်မြှောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ကတ်စ်ထရို က ၎င်း၏ ဒုတိယအကြိမ်မြောက် သမ္မတရာထူး နှင့် နိုင်ငံတော် နှင့် အစိုးရခေါင်းဆောင်တစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာများကို အမျိုးသားညီလာခံ ကျင်းပချိန်တွင် စွန့်လွှတ်သွားမည်ဖြစ်ပြီး ကျူးဘားနိုင်ငံအနေဖြင့် သမ္မတသစ်တစ်ဦးကို ရရှိလာမည်ဖြစ်ကြောင်း မျက်နှာစုံညီအစည်းအဝေးပိတ်ပွဲအခမ်းအနား ၌ပြောကြားခဲ့သည်။

ကျူးဘားပါလီမန်သည် စက်တင်ဘာလက နိုင်ငံအတွင်းဝင်ရောက် တိုက်ခတ်ခဲ့သည့် ဟာရီကိန်းလာမာကြောင့် ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုများစွာကို အကြောင်းပြု၍ ကတ်စ်ထရို၏ လုပ်ပိုင်ခွင့်အာဏာကို ၂၀၁၈ခုနှစ် ဧပြီလမတိုင်ခင် နှစ်လတိုးမြှင့်ပေးသွားရန် ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။

သို့သော် ကတ်စ်ထရိုသည် အာဏာရ ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပထမအထွေထွေအတွင်းရေးမှူးအဖြစ် အနည်းဆုံး ၃နှစ်ကျော် တည်ရှိနေမည်ဟု ခန့်မှန်းရသည်။

ရောလ်ကတ်စ်ထရိုသည် ၂၀၀၈ခုနှစ်တွင် အကိုဖြစ်သူ ဖီဒယ် ကတ်စ်ထရို ထံမှ အာဏာလွှဲပြောင်းယူခဲ့ပြီးနောက် ၂၀၁၃ခုနှစ် တွင် သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရကာ ကျူးဘားနိုင်ငံ၏ ဆိုရှယ်လစ်စနစ် ခေတ်မီလာစေရန် စီမံဆောင်ရွက်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများစွာကို ဦးဆောင်ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလတွင် တိုက်ခတ်ခဲ့သော ဟာရီကိန်းမုန်တိုင်း လာမာကြောင့် လူ ၁၀ဦးသေဆုံးခဲ့ပြီး တိုက်တာအဆောက်အအုံများစွာ ပျက်စီးခဲ့သောကြောင့် အာဏာပိုင်များက အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ ပထမအဆင့်ကို တစ်လ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

စည်ပင်သာယာရေးကော်မတီဝင်များကို ရွေးချယ်တင်မြှောက်မှုဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုဝင်ဘာ ၂၆ရက်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ပါလီမန်က ခေါင်းဆောင်သစ်တစ်ဦးအား မူလစီစဉ်ထားသည့် အတိုင်း ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်တွင် လုပ်ပိုင်ခွင့်အာဏာပေးအပ်ရန် မဖြစ်နိုင်သေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.