Connect with us

Latin America

ကျူးဘား နိုင်ငံက အမေရိကန် နိုင်ငံ နှင့် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်လိုကြောင်း ထပ်မံ ပြောကြား

ကျူးဘား နိုင်ငံ ဟာဗားနား မြို့ တော်သို့ အမေရိကန် ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်နေစဉ်(ဆင်ဟွာ)

ဆန်တီယာဂို ဒီ ကျူးဘား ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ကျူးဘား နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့သည် နိုင်ငံရေးအရ ကွဲပြားခြားနားမှုများ ရှိသော်လည်း ငြိမ်းချမ်းစွာ အတူတကွ နေထိုင်လိုသည့် ဆန္ဒရှိကြောင်း ကျူးဘား နိုင်ငံ အာဏာရ ပါတီ ဖြစ်သော Communist Party of Cuba ဗဟိုကော်မတီ၏ ပထမ အတွင်းရေးမှူး ရောလ်ကက်စထရို (Raul Castro) က ဇန်နဝါရီ ၁ ရက်တွင် ထပ်မံ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့အမေရိကန် နိုင်ငံနဲ့ယဉ်ကျေးသော ၊ ငြိမ်းချမ်းသော ၊ လေးစားမှု ရှိသော ၊ နှစ်ဦး နှစ်ဖက် အကျိုးရှိသော နည်းလမ်းများနဲ့အတူတကွ ယှဉ်တွဲ နေထိုင်လိုတဲ့ ဆန္ဒ ရှိပါတယ်။”ဟု ရောလ် ကက်စထရို က ကျူးဘားနိုင်ငံ တော်လှန်ရေး အောင်ပွဲ နှစ် ၆၀ ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်သော အခမ်းအနားတွင် ပြောကြားခဲ့သည်။

ကျူးဘား နိုင်ငံအား အမေရိကန် နိုင်ငံမှ ၁၉၆၂ ခုနှစ်မှ စတင်ကာ စီးပွားရေး ပိတ်ဆို့မှု ပြစ်ဒဏ် ချမှတ်ခဲ့သဖြင့် ကျူးဘား နိုင်ငံ အနေဖြင့် အမေရိကန် ဒေါ်လာ ၄,၃၂၁ ဘီလီယံ နစ်နာ ဆုံးရူံးခဲ့ကြောင်း ကက်စထရို က ပြန်လည် ပြောကြားခဲ့သည်။

ကျူးဘား အစိုးရအား ဒေသတွင်း မကောင်းမှုအားလုံး၏ အရင်းအမြစ်ဟု ပြောဆိုကာ ပိတ်ဆို့အရေးယူမှုများ ပို၍ ပြုလုပ်ရန် အမေရိကန် နိုင်ငံ ဝါရှင်တန်ရှိ အထက်တန်းလွှာ အချို့က ကြိုးစားနေကြကြောင်း ကျူးဘား ခေါင်းဆောင်က ပြောကြားခဲ့သည်။

ကျူးဘား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံရန် အသင့်ရှိသော်လည်း မိမိတို့အနေဖြင့် မလိုလားကြောင်း ၊ အမေရိကန် အစိုးရ၏ မျှတသည့် စိတ်ဓာတ်ကြောင့် ပိတ်ဆို့မှုများ ရုပ်သိမ်းသွားမည်ဟု မျှော်လင့်ကြောင်း ရောလ်ကက်စထရို က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.