Latin America
စူပါ ကွန်ပြူတာ ကျွမ်းကျင်မှု အမြင့်ဆုံးဆု တရုတ် အဖွဲ့ ရရှိ

ဝါရှင်တန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည့် တရုတ် သုတေသီ အဖွဲ့သည် စူပါ ကွန်ပြူတာ စနစ် နယ်ပယ်တွင် အမြင့်ဆုံးဆု ဖြစ်သည့် ၂၀၁၆ ခုနှစ် ACM Gordon Bell ဆုအား နိုဝင်ဘာလ ၁၇ ရက်က ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သုတေသီအဖွဲ့သည် ယင်းဆုအား ပထမဆုံးအကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။
“ဒါဟာ သမိုင်းဝင် ထိုးဖောက်နိုင်မှု တစ်ခုပါပဲ” ဟု ဝူရှီးရှိ အမျိုးသား စူပါ ကွန်ပြူတာ စင်တာ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဆုရ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Haohuan Fu က ပြောကြားခဲ့သည်။
Fu နှင့် အဖွဲ့သည် ကမ္ဘာ့ ရာသီဥတု ပုံစံငယ်များနှင့် ရာသီဥတု ကြိုတင်ခန့်မှန်းခြင်းများအတွက် အသုံးပြုနိုင်ရန် လေဖိအားနှင့် ဆိုင်သော ရွှေ့လျားအားဆိုင်ရာ တွက်ချက်ခြင်း နည်းပညာအတွက် ဂုဏ်ပြု ချီးမြှင့်ခြင်း ခံရသည်။
အဆိုပါ ဆုအား အမေရိကန်နိုင်ငံ အနောက်ပိုင်း Utah ပြည်နယ် Salt Lake မြို့တွင် ပြုလုပ်သည့် ၂၀၁၆ ခုနှစ် စူပါ ကွန်ပြူတာ ညီလာခံ၌ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
Gordon Bell ဆုအား ၁၉၈၇ ခုနှစ်တွင် စွမ်းဆောင်ရည်မြင့်နှင့် ကွန်ပြူတာ ယှဉ်ပြိုင် နည်းပညာတွင် ရှေ့ဆောင်လမ်းပြသူ တစ်ဦး ဖြစ်သည့် Gordon Bell က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
သိပ္ပံ၊ အင်ဂျင်းနီယားရင်းနှင့် အကြီးစား Data Analytics စသည့် နယ်ပယ်များ၌ စွမ်းဆောင်ရည်မြင့် ကွန်ပြူတာ အသုံးပြုခြင်းဆိုင်ရာ ဆန်းသစ် တီထွင်မှု ဆုများနှင့် ကွန်ပြူတာ စနစ် ယှဉ်ပြိုင်မှု လုပ်ငန်းများအား ရွေးချယ်ကာ ပေးအပ်ခြင်း ဖြစ်သည်။ (Xinhua)