Connect with us

Latin America

ကျူးဘားအစိုးရက အကျဉ်းသား ၇၈၇ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

ကျူးဘားနိုင်ငံရှိ အကျဉ်းထောင်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာဗာနာ၊ နိုဝင်ဘာ ၁၆ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ အစိုးရ သည် အကျဉ်းသား ၇၈၇ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ Granma က နိုဝင်ဘာ ၁၅ရက်တွင်ဖော်ပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ယခုနှစ်အား သနားဂရုဏာနှစ်အဖြစ် သတ်မှတ်ကြောင်း ပြောဆိုခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ကျူးဘားနိုင်ငံ နိုင်ငံတော်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

အာဏာပိုင်များက လွတ်ငြိမ်းချမ်းသာမှုပေးရန် အတွက် အကျဉ်းထောင်အတွင်း ပြုမူနေထိုင်ခဲ့ပုံ နှင့် အပြစ်ဒဏ်ခံယူပြီး အချိန်ကာလတို့ကို ထည့်သွင်းဆုံးဖြတ်ခဲ့ကြောင်း နှင့် အမျိုးသမီးများ၊ ငယ်ရွယ်သူများ၊ နေမကောင်းသည့် အကျဉ်းသားများ နှင့် အခြား အကျဉ်းသားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

ယခင်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့အချိန်များတွင် လူသတ်မှု၊ သက်ငယ် မုဒိန်းမှု၊ အဓမ္မကျင့်မှု နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု စသည့် ပြစ်မှုကြီးများ ကျူးလွန်ခဲ့သည့် အကျဉ်းသားများမှာ သတ်မှတ်ချက်နှင့် မပြည့်မီ၍ မပါဝင်ခဲ့ကြောင်းသိရသည်။

၂၀၁၅ခုနှစ် စက်တင်ဘာ တွင် ကျူးဘား သမ္မတ Raul Castro က အသက် ၆၀နှစ်ကျော် အကျဉ်းသားများ၊ အသက် ၂၀အောက် အကျဉ်းသားများ၊ ပြစ်မှု မှတ်တမ်းမရှိခဲ့သည့် အကျဉ်းသားများ၊ နာတာရှည်ရောဂါခံစားနေရသည့် အကျဉ်းသားများ၊ အမျိုးသမီးအကျဉ်းသားများ၊ ၂၀၁၆ခုနှစ် တွင် အပြစ်ဒဏ်မှ ကင်းလွတ်မည့် အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃,၅၂၂ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.