Latin America
ဆယ်စုနှစ် အတွင်း လကမ္ဘာသို့ အားလပ်ရက် ခရီး ထွက်နိုင်တော့မည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
ခရီးသွားလာရေး ကုမ္ပဏီ တစ်ခုက လကမ္ဘာသို့ ခရီးသွားလာနိုင်ရေး အထူးကြိုးစားလျက်ရှိရာ လာမည့် ၁၀ နှစ်အတွင်း သာမန်လူသားများလည်း မိမိတို့၏ အားလပ်ရက်များတွင် လကမ္ဘာသို့ သွားရောက်လည်ပတ် အချိန်ဖြုန်းနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် လမျက်နှာပြင်သို့ သွားရောက်လာ လေ့လာမှု ပြုလုပ်ခြင်း၊ သတ္တု တွင်းထွက် ပစ္စည်းများနှင့် အခြား ဂတ်စ်များ ရှာဖွေခြင်းများ ပြုလုပ်ရန် Moon Express ကုမ္ပဏီက စီစဉ်ထားကြောင်း သိရသည်။
ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ သာမန်လူများ သွားရောက် လည်ပတ်မည့် ၁၇ ရက်တာ ခရီးစဉ်အား ရုရှား ဒုံးကျည်ဖြင့် ပျံသန်းမည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ပို့ဆောင်ပေးမည် ဖြစ်ကာ ၎င်းမှ တဆင့် လကမ္ဘာသို့ ထွက်ခွာမည် ဖြစ်သည်။
လကမ္ဘာသို့ ထွက်ခွာမည့် ခရီးစဉ်အား ၂၀၂၆ ခုနှစ်တွင် စတင်နိုင်မည် ဖြစ်ပြီး ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ကုန်ကျနိုင်မည် ဖြစ်ကြောင်း အဆိုပါ Moon Express ၏ တည်ထောင်သူ Naveen Jai က ပြောသည်။ (Xinhua)