Connect with us

Latin America

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှင့် ဥရုဂွေး နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့က မွန်တီဗီဒီယို တွင် တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဥရုဂွေး နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Rodolfo Nin Novoa တို့ ဇန်နဝါရီ ၂၄ ရက်နေ့၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

မွန်တီဗီဒီယို ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဥရုဂွေး နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Rodolfo Nin Novoa တို့က ဇန်နဝါရီ ၂၄ ရက်နေ့၌ ဥရုဂွေး နိုင်ငံ မြို့တော် မွန်တီဗီဒီယို တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၃၀ ပြည့်သည့် နှစ်တွင် ဖိတ်ကြားမှု အရ ဥရုဂွေး နိုင်ငံ သို့ လာရောက်လည်ပတ် သည့် အချိန်ကာလ တွင် ဥရုဂွေး နိုင်ငံ နှင့် အတူတကွ ယခင် နှစ်ပေါင်း ၃၀ ကာလ အတွင်း နှစ်နိုင်ငံ အောင်မြင်မှု အတွေ့အကြုံများ ကို သုံးသပ် ကာ လာမည့် အနာဂတ် နှစ် ၃၀ ၏ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံ ကို ရေးဆွဲသွား လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဥရုဂွေး နိုင်ငံ နှင့် အတူတကွ လက်တွဲကာ လက်ရှိ တည်ရှိနေပြီး ဖြစ်သည့် ကောင်းမွန်သည့် အခြေခံများမှ တစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အရည်အသွေး ကို အဆင့် မြှင့်တင်သွားလိုကြောင်း ၊ လူမှုရေးဖလှယ်မှု များကို ဆောင်ရွက်သွားပြီး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအသစ် များကို ဖော်ဆောင်ကာ နိုင်ငံတကာ ကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး နှစ်နိုင်ငံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းသွား စေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် ဥရုဂွေး နိုင်ငံ မှ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ချုပ်ဆိုလိုသည့် တက်ကြွသည့် ဆန္ဒအပေါ် ချီးမွမ်းကြောင်း ၊ လတ်တလော ရက်ပိုင်းတွင် ပြီးဆုံး ခဲ့သည့် တရုတ်-လက်တင်အမေရိကန် ဒုတိယ အကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေး တွင်လည်း ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား ထောက်ခံ အားပေးကြောင်း ကို အထူးကြေညာချက်ဖြင့် ထုတ်ပြန် ခဲ့ကြကြောင်း ၊ ဥရုဂွေး နိုင်ငံ အနေဖြင့် ရှေ့ဦးစွာ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် ပါဝင်လိုသည့် ဆန္ဒကို ထုတ်ဖော်ပြောကြား လာသည့် အတွက် တရုတ် နိုင်ငံ မှ ထောက်ခံအားပေးကြောင်း ၊ တရုတ် နိုင်ငံ နှင့် ဥရုဂွေး နိုင်ငံ တို့မှ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား အတူတကွ တည်ဆောက်ခြင်းသည် ဥရုဂွေး နိုင်ငံ အား ဒေသတွင်း ကုန်ပစ္စည်း ပို့ဆောင်ရေး နှင့် လမ်းပန်းဆက်သွယ်ရေး ၏ အဓိက တည်နေရာ တစ်ခု ဖြစ်တည်လာစေမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ မှ ခေတ်သစ်ပိုးလမ်းမကြီး အား အတူတကွ တည်ဆောက်ခြင်း အားဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ကို အကောင်အထည် ဖော်သွား နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Rodolfo Nin Novoa က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ၏ နှစ်နိုင်ငံ ဆက်ဆံရေး အပေါ် သုံးသပ်မှု ကို ထောက်ခံ ပြီး သံတမန် ဆက်ဆံရေး တည်ထောင်ပြီး နှစ်ပေါင်း ၃၀ ကာလ အတွင်း နှစ်နိုင်ငံ ပြည်သူလူထု ကို အကျိုးဖြစ်ထွန်း စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သည် လက်ရှိချိန်တွင် ဥရုဂွေး နိုင်ငံ ၏ အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံ ဖြစ်လာခဲ့ပြီး ဥရုဂွေး နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုကြောင်း ၊ လက်တင်အမေရိကန် သည် ရှေ့ယခင် ကာလ က တရုတ် နိုင်ငံ ရေကြောင်း ပိုးလမ်းမကြီး ၏ ဆက်စပ်ရာ တည်နေရာ တည်ခု ဖြစ်ခဲ့ပြီး လက်ရှိချိန်တွင် လည်း ရရှိလာသည့် အခွင့်အရေး ကို ဆုပ်ကိုင်ကာ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဥရုဂွေး နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို စတင်ချိန်မှစ၍ ထောက်ခံအားပေးခဲ့ပြီး တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးသွားလိုကာ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင် သွားလိုကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အပြီး တွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့က “တရုတ်-ဥရုဂွေး အပြန်အလှန် ၁၀ နှစ်ကာလ စီးပွားရေး ဗီဇာ ထုတ်ပေးရေး သဘောတူညီချက်” ကို ချုပ်ဆိုခဲ့ကြပြီး အတူတကွ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.