Connect with us

Latin America

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကပွဲကလပ်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံး

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Fortaleza မြို့ရှိ ကပွဲကလပ်တစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများအား သယ်ဆောင်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရာစီးလီယာ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Fortaleza မြို့ရှိ ကပွဲကလပ်တစ်ခု၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး အခြားသူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇန်နဝါရီလ ၂၇ ရက်က အတည်ပြုပြောကြားခဲ့သည်။

ဇန်နဝါရီလ ၂၇ ရက် အရုဏ်တက်ချိန်၌ Forro do Gago ကပွဲကလပ်သို့ လက်နက်ကိုင် ဝရမ်းပြေး အမျိုးသား တစ်စု ဝင်ရောက်လာကာ ပါတီအတွင်းရှိ လူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံ Globo TV ရုပ်သံလိုင်းသို့ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သေနတ်သမားများသည် ကားသုံးစင်းဖြင့် ကလပ်အတွင်းသို့ ဝင်ရောက်လာကာ နာရီဝက်နီးပါး အဆောက်အဦရှေ့ဘက်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လူများစွာ သေဆုံး ဒဏ်ရာရရှိခဲ့သည်။ ဒေသခံ မီဒီယာ၏ ဖော်ပြချက်အရ လူ ၁၄ ယောက် သေဆုံးကာ အနည်းဆုံး ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ကလေးများ ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများအနက် ၂ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ဆေးရုံ သတင်းရင်းမြစ်များက ဆိုသည်။

ဒေသခံ ရဲတပ်ဖွဲ့ကလည်း ယခုလို လူမဆန်အောင် လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုမျိုးအား ယခင်က မကြုံဘူးကြောင်း ပြောကြားခဲ့သည်။

သေနတ်ကျည်ဆံများအား ကလပ် နံရံများပေါ်တွင်လည်းကောင်း၊ အနီးဝန်းကျင်ရှိ နေအိမ်များနှင့် ယာဉ်များပေါ်တွင်လည်းကောင်း တွေ့မြင်နိုင်သည်။ ယင်းနေ့တွင် မိုးရွာနေခဲ့သော်လည်း ကလပ်အတွင်း၌ သွေးများအား မြင်တွေ့နိုင်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ ကြိုတင်ကြံစည်ထားခြင်းဖြစ်ပြီး သံသယရှိသူများအား ရှာဖွေရန် ယင်း နယ်မြေတွင် ရဟတ်ယာဉ်တစ်စင်းဖြင့် ကြီးကြပ်လျက်ရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယခုလို လူသတ်မှုများသည် မူးယစ် ဂိုဏ်းနှစ်ဂိုဏ်းအကြား နယ်မြေလုပွဲ တစ်ခု၏ အစိတ်အပိုင်း ဖြစ်နိုင်ခြင်း ရှိမရှိအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

Ceara ပြည်နယ် မြို့တော် Fortaleza သည် ၂၀၁၇ ခုနှစ်အတွင်း စံချိန်တင်လူသတ်မှုများ ဖြစ်ပွားသော နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ကမ်မီလို ဆန်တာနာက ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117