Connect with us

Latin America

ပီရူးနိုင်ငံတွင် ဟိုင်းဝေးခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျမှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ

ချောက်ထဲပြုတ်ကျနေသည့် ခရီးသည်တင်ယာဉ်တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

လီမာ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ အလယ်ပိုင်း Junín ပြည်နယ် တွင် ခရီးသည်တင် နှစ်ထပ် ကားတစ်စီး စက်တင်ဘာ ၃၀ ရက်က ချောက်ထဲပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ ယာဉ်မှာ Junín ပြည်နယ် Chanchamayဒေသရှိ တောင်တက်လမ်းတွင် တစ်ဖက်ယာဉ်ကြော မှ ကျော်တက်လာသည့်ယာဉ်ငယ်တစ်စီးနှင့် မျက်နှာချင်းဆိုင်တိုက်မိရာ အရှိန်မထိန်းနိုင်ဘဲ ၁၀၀ မီတာ အနက်ရှိသည့် ချောက်ထဲကို ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း အဝေးပြေးရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။

ပီရူးနိုင်ငံသည် ကမ္ဘာတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ပွားသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ဆိုးဝါးသည့် ယာဉ်မတော်တဆမှုများသည် Andes တောင်တန်းဒေသတွင် မကြာခဏ ဖြစ်ပွားလေ့ရှိရာ တောင်ပတ်လမ်းအခြေအနေဆိုးဝါးခြင်း၊ ယာဉ်မောင်းများ၏မဆင်မခြင်မောင်းနှင်မှု များကြောင့် ဖြစ်သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.