Connect with us

Latin America

ဘရာဇီး နိုင်ငံ အစိုးရက ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှုဖြင့် ဆယ်နှစ် အတွင်း ကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ချွေတာနိုင်မည်ဟုဆို

ဘရာဇီး နိုင်ငံ၏ လွှတ်တော် အစည်းအဝေး တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ အစိုးရက အဆိုပြုထားသော လူမှုလုံခြုံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် ဆယ်နှစ် အတွင်း အမေရိကန် ဒေါ်လာ ၂၁၄ ဘီလီယံကျော် ချွေတာနိုင်မည်ဟု မျှော်လင့်ကြောင်း သိရသည်။

စီးပွားရေး ဝန်ကြီးဌာန အလုပ်သမား နှင့် လူမှုလုံခြုံရေး ဌာန ဝန်ကြီး Rogerio Marinho က ယင်းကိန်းဂဏန်း များအား စက်တင်ဘာ ၁၀ ရက်တွင် ပြုလုပ်သော လွှတ်တော်၌ ဆွေးနွေးစဉ် ပြောကြား ခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအား သြဂုတ်လတွင် အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး တရားဝင် ဥပဒေ အဖြစ် လက်မှတ် ရေးထိုးနိုင်ရန် အထက်လွှတ်တော်၏ ထောက်ခံအတည်ပြုချက် လိုအပ်နေသေးကြောင်း သိရသည်။

သို့သော်လည်း အထက်လွှတ်တော်က အဆိုပါ ဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပြီး ပြင်ဆင်ချက်ကို အောက်လွှတ်တော်သို့ပြန်လည်ပေးပို့ကာ နောက်ထပ် တစ်ကြိမ် မဲခွဲဆုံးဖြတ်စေခဲ့ကြောင်း ၊ ယင်းဥပဒေကြမ်းကို တရားဝင် ကျင့်သုံးနိုင်ရန်မှာ အထက်အောက် လွှတ်တော် နှစ်ရပ်စလုံးက ထောက်ခံ အတည်ပြုရမည် ဖြစ်ကြောင်း သိရသည်။

ဘရာဇီး နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အစိုးရအနေဖြင့် ငွေကြေးချွေတာမှုများ မဖြစ်မနေ လုပ်ဆောင်နေစဉ်အတွင်းမှာပင် အငြိမ်းစားယူသော အနိုမ့်ဆုံးအသက်အရွယ်အပိုင်းအခြားကို တိုးမြှင့်လိုက်ခြင်းကြောင့် အလုပ်လုပ်ကိုင်နိုင်သည့် အနေအထားအပေါ် ကြီးမားသော အတားအဆီးတစ်ခုဖြစ်လာနိုင်ကြောင်း အတိုက်အခံများက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.