Connect with us

Latin America

အာဂျင်တီးနားတွင် ပျက်ကျခဲ့သည့် လေယာဉ်ပျက်အား နှစ် ၅၀ ကြာမှ ရှာဖွေတွေ့ရှိ

အင်ဂျင်၂ လုံး တပ် Piper Apache အမျိုးအစား လေယာဉ် တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

အာဂျင်တီးနား ၊ဧပြီ ၈ ရက် (ဆင်ဟွာ)

အာဂျင်တီးနား နိုင်ငံ တောင်ပိုင်း တွင် လွန်ခဲ့သည့် ရာစုနှစ် တစ်ဝက်လောက်က ပျက်ကျခဲ့သည့် အင်ဂျင်၂လုံး တပ် Piper Apache လေယာဉ်ပျက်အား ရုပ်အလောင်းလေးလောင်းနှင့် အတူ ရှာဖွေတွေ့ရှိခဲ့ကြောင်း အာဂျင်တီးနား နိုင်ငံပိုင် သတင်းဋ္ဌာန DyN က ဧပြီလ ၇ ရက်တွင် ဖော်ပြခဲ့သည်။

လေယာဉ်ပေါ်တွင် သေဆုံးနေသည့် ရုပ်အလောင်း လေးလောင်းမှာ လေယာဉ်မှူး တစ်ဦး၊ Miguel Sanchez Navarro ရေနံကုမ္ပဏီ မှ ခေါင်းဆောင် အင်ဂျင်နီယာ တစ်ဦး နှင့် အခြား အင်ဂျင်နီယာ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် အဆိုပါ လေယာဉ်သည် Chubut ပြည်နယ် ရှိ Colhue Huapi ရေကန်ပေါ်သို့ ပျက်ကျခဲ့ခြင်း ဖြစ်ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအား ၁၉၆၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၀ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ပြုလုပ်ခဲ့သော်လည်း တွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ဧပြီလ ၄ ရက်တွင် ဒေသခံ တစ်ဦးက လေယာဉ်တောင်ပံ တစ်ဖက်မှာ မြေပြင်ပေါ်သို့ထိုးထွက်နေပြီး ကျန် အစိတ်အပိုင်းများမှ မြေကြီးထဲတွင် နစ်မြုပ် နေကြောင်း သတင်း ပေးပို့ခဲ့သည့် နောက်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း DyN က ဆိုသည်။

လေယာဉ် အပျက်အစီးများအား ပြန်လည် တူးဖော် ရှာဖွေရေး အဖွဲ့က ရေကန်၏ အချို့အပိုင်းများသည် အငွေ့ပျံကာ ခန်းခြောက်ခဲ့ခြင်းကြောင့် လေယာဉ်ပျက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ပြောကြားခဲသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.