Connect with us

Latin America

အာဂျင်တီးနား နိုင်ငံ တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး ၁၂ ဦး သေဆုံး

အာဂျင်တီးနား နိုင်ငံ ရှိ အဝေးပြေးကားလမ်း Toll gate တစ်ခုအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဗျူနိုအဲရစ် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

အာဂျင်တီးနား နိုင်ငံ Mendoza ပြည်နယ် San Rafael မြို့ အနီးတွင် ဇွန်လ ၂၅ ရက်နေ့ က ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ခရီးသည်တင် ဘက်စ် ကားသည် အဝေးပြေးလမ်းပေါ်တွင် မောင်းနှင်နေစဉ်အတွင်း ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တောင်နံရံနှင့် ဝင်တိုက်မိခဲ့ပြီးနောက် ကုန်တင်ကားငယ် တစ်စင်းကို ထပ်မံ တိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း ၊ ဘက်စ် ကားပေါ်တွင် ဖျော်ဖြေရေး အဖွဲ့ တစ်ဖွဲ့ မှ ခရီးသည် ၄၀ ဦးခန့် လိုက်ပါခဲ့ကြကြောင်း သိရှိရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့ က ယာဉ်မတော်တဆမှု ကြောင့် ၁၂ ဦးသေဆုံး ခဲ့ပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၃ ဦး၏ ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရကြောင်း ပြောကြား ခဲ့သည်။(Xinhua)