Connect with us

Latin America

ကိုလံဘီယာ နိုင်ငံ တွင် သင်္ဘော မှောက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံး

ကိုလံဘီယာ နိုင်ငံ Antioquia ပြည်နယ် တွင် သင်္ဘောမှောက်မှု ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည် ကိုမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ Antioquia ပြည်နယ် မီးတပ် ဌာန က ဇွန်လ ၂၅ ရက်နေ့ တွင် ပြည်နယ် အတွင်းရှိ ရေလှောင်တာမံ တစ်ခု ၌ သင်္ဘောမှောက်မှု ဖြစ်စဉ်တွင် လက်ရှိချိန်ထိ အနည်းဆုံး ၉ ဦးသေဆုံး ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ အချိန်ခန့်တွင် လူပေါင်း ၁၇၀ ခန့်ကို တင်ဆောင်လာသည့် ခရီးသည်တင် သင်္ဘော တစ်စင်းသည် Antioquia ပြည်နယ် အတွင်းရှိ ရေလှောင်တာမံ တစ်ခု တွင် နစ်မြုပ်မှု ဖြစ်ပွား ခဲ့သည်။ Antioquia ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူ တစ်ဦး က သင်္ဘော နစ်မြုပ်ချိန် တွင် မည်သည့် ထိတိုက်မှု မှ ဖြစ်ပွား ခဲ့ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက် နှင့် ဗီဒီယို သတင်း များအရ နစ်မြုပ်မှု ဖြစ်ပွား ခဲ့သည့် သင်္ဘော သည် အထပ်လေးထပ် ပါရှိသည့် သင်္ဘော တစ်စင်း ဖြစ်ပြီး ဟန်ချက်မထိန်းနိုင်တော့ဘဲ လျင်မြန်စွာ နစ်မြုပ်သွား ကာ အနီးပတ်ဝန်းကျင်ရှိ သင်္ဘောများမှ အခင်းဖြစ်ပွားရာ နေရာသို့ ကယ်ဆယ်ရေး ဆောင်ရွက်ရန် ချက်ချင်း သွားရောက်ခဲ့ကြသည် ကို သိရှိခဲ့ရသည်။လက်ရှိချိန်တွင် ကိုလံဘီယာ လေတပ် မှ ရဟတ်ယာဉ် များ စေလွှတ်ကာ ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်စေခဲ့ပြီး မီးတပ်တပ်ဖွဲ့မှလည်း ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။သင်္ဘော မှောက်မှု မှ လွတ်မြောက်လာသူ တစ်ဦး က သင်္ဘော သည် ခရီးသည် သတ်မှတ်ဦးရေထက် ကျော်လွန် တင်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117