Latin America
ကိုလံဘီယာနှင့် သံတမန်အဆက်အသွယ်ဖြတ်တောက်ကြောင်း ဗင်နီဇွဲလား ကြေညာ

ကာရာကပ်စ် ၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံနှင့် သံတမန်နှင့်နိုင်ငံရေးဆက်ဆံမှု ဖြတ်တောက်ကြောင်း ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ဗင်နီဇွဲလားရှိ ကိုလံဘီယာသံတမန်အရာရှိများကိုလည်း ၂၄ နာရီအတွင်း ဗင်နီဇွဲလား နိုင်ငံမှ ထွက်ခွာ သွားရန် သမ္မတ နီကိုးလပ်စ် မာဒူရို(Nicolas Maduro)က တောင်းဆိုထားကြောင်း သိရသည်။
“ကွန်တော်တို့ သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်လွန်သွားပါပြီ။ ပြည်ပအင်အားစုတွေ ဗင်နီဇွဲလားကို ထိုးနှက်တိုက်ခိုက်ဖို့ ကိုလံဘီယာက မိမိပိုင်နက်ကို အသုံးချပြီး အားပေးထောက်ခံနေတာကို ထပ်ပြီး သည်ခံတော့မှာမဟုတ်ဘူး” ဟု သမ္မတ နီကိုးလပ်စ် မာဒူရို(Nicolas Maduro)က ဆိုသည်။
မိမိကိုယ်ကို ယာယီသမ္မတအဖြစ် ကြေညာထားသော ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌ Juan Guaidóက ကူညီထောက်ပံ့ရေးပစ္စည်းများကို ကိုလံဘီယာနိုင်ငံမှတစ်ဆင့် သယ်ဆောင်မည်ဟု ဖေဖော်ဝါရီ ၂၃ ရက်က ကြေညာခဲ့ပြီး မကြာမီ နယ်စပ်ဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ (Xinhua)