Latin America
ပနားမားတွင် ဘတ်စ်ကားတစ်စီး တံတားပေါ်က ပြုတ်ကျခဲ့၍ လူ ၁၆ဦးသေဆုံး

ပနားမား စီးတီး၊ မတ် ၇ ရက် (ဆင်ဟွာ)
ပနားမားနိုင်ငံ အလယ်ပိုင်းတွင် မတ် ၅ ရက်နေ့က ဘတ်စ်ကားတစ်စီး တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများ ကဖောြ်ပခဲ့သည်။
အဆိုပါ ဘတ်စ်ကားသည် နိုင်ငံအနောက်ပိုင်း Bocas del Toroပြည်နယ် မှ လယ်ယာလုပ်သားများကို တင်ဆောင်လာပြီး နိုင်ငံ၏ မြို့တော် ပနားမားစီးတီး အရှေ့ဘက်ရှိ လယ်ယာစိုက်ခင်းတစ်ခုသို့ သွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဘတ်စ်ကားသည် အလယ်ပိုင်း Anton ဒေသရှိ Guabas မြစ်ကို ဖြတ်ကျော်ထားသော မီတာ ၅၀အမြင့်ရှိသည့် တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ယင်းမတော်တဆဖြစ်ရပ်တွင် လူ ၃၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ ပြင်းထန်သူများအား ဆေးရုံအသီးသီးသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။
အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ Manuel Dominguez က သေဆုံးသူအားလုံးသည် အရွယ်ရောက်ပြီး အမျိုးသားများဖြစ်ကြကြောင်း တွစ်တာစာမျက်နှာပေါ်၌ရေးသားခဲ့သည်။ (Xinhua)