Connect with us

Latin America

ဘိုလီးဗီးယား ကာနီဗယ်ပွဲတော်အတွင်း ယာဉ်တိုက်မှုများကြောင့် လူ ၂၂ဦးသေဆုံး

ဘိုလီးဗီးယား တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာပါ့ဇ်၊ မတ်လ ၁ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ တွင် ဖေဖော်ဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၇ရက် အထိ လေးရက်ကြာ ကျင်းပခဲ့သော ကာနီဗယ်ပွဲတော် အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် လူ ၃၃ဦးသေဆုံးခဲ့ကြောင်း နှင့် ဖေဖော်ဝါရီ ၂၇ရက်နေ့သည် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံးနေ့ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ ၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၂၄ဦး ရှိခဲ့ကြောင်း ဘိုလီးဗီးယားနိုင်ငံ ဒုတိယယာဉ်ထိန်းရဲချုပ် Erick Paniagua က ဖေဖော်ရီ ၂၈ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ကနဦးသတင်းရရှိချက်များအရ ဖေဖော်ဝါရီ ၂၇ ရက်၏ ပထမဆုံးယာဉ်မတော်တဆမှုမှာ တာကာကိုရာမြို့၌ မီနီဘတ်စ်တစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လူ ၁၇ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Paniagua က “ ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၆ဦး၊ အမျိုးသမီး ၉ဦး နဲ့ ကလေး ၂ဦး အသက်ဆုံးရှုံးခဲ့ပြီး ခရီးသည်တစ်ယောက်မှ အသက်မရှင်ခဲ့ပါဘူး” ဟုပြောကြားခဲ့သည်။

ယင်းနေ့၌ပင် လီကိုမာမြို့အနီးရှိ ချောက်တစ်ခုအတွင်းသို့ ခရီးသည်တင်ဘတ်စ်ကားတစ်စီး ထိုးဆင်းသွားခဲ့ပြီး လူ ၇ဦးသေဆုံးခဲ့ကာ ၁၀ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားအား Trans Santiago ကုမ္ပဏီမှ ပိုင်ဆိုင်ခြင်းဖြစ်ပြီး မြို့တော် လာပါ့ဇ်မြို့ မှ Cajuata မြို့သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Paniagua က ဖေဖော်ဝါရီ ၂၄ရက် နှင့် ဖေဖော်ဝါရီ ၂၆ ရက်ကြားတွင်လည်း ယာဉ်မတော်တဆမှုကြောင့် အခြားလူ ၉ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

မတ်လ ၁ရက်နေ့တွင် ရဲတပ်ဖွဲ့က တရားဝင်အစီရင်ခံစာ တစ်စောင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ် တွင် ၄ရက်ကြာကျင်းပခဲ့သည့် ကာနီဗယ်ပွဲတော်အတွင်း၌ စုစုပေါင်း လူ ၅၂ဦးသေဆုံးခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းအများစုသည် အရက်အလွန်အကျွံသောက်သုံးခြင်း နှင့် ဆက်စပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.