Connect with us

Latin America

ဖီဖာက မက်ဆီကို လေးပွဲပယ် ဒဏ်ရိုက်

စည်းကြပ်ဒိုင်နှင့် စကားများနေသည့် အာဂျင်တီးနား ကစားသမား လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ မတ် ၂၉ ရက် (ဆင်ဟွာ)

မတ်လ ၂၃ ရက်က ဗျူရိုအေးရီးစ်တွင် ကျင်းပခဲ့သည့် အာဂျင်တီးနားက ချီလီကို ၁-၀ ဂိုးဖြင့် နိုင်ခဲ့သည့် ပွဲစဉ်၌ လီယွန်နယ် မက်ဆီက စည်းကြပ်ဒိုင်အား စော်ကား ပြောဆိုခဲ့သည့်အတွက် နိုင်ငံတကာ ပွဲစဉ် လေးပွဲ ကစားခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။

အထက်ပါ ပွဲပယ်ပြစ်ဒဏ်အပြင် ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက Ballon d’Or ငါးနှစ်ဆက်တိုက် ဆုရှင် မက်ဆီအား မတ်လ ၂၈ ရက်က အမေရိကန် ဒေါ်လာ ၁၀၀၀၀ ဒဏ်ရိုက်ခဲ့သည်။

ထို ဆုံးဖြတ်ချက်ကြောင့် မက်ဆီသည် မတ်လ ၂၈ ရက်က La Paz တွင် ကျင်းပသည့် ဘိုလီးဗီးယားနှင့် ယှဉ်ပြိုင်သည့် အာဂျင်တီးနား World Cup ခြေစမ်းပွဲနှင့် လွဲချော်ခဲ့သည်။

ထို့ပြင် မက်ဆီသည် သြဂုတ်လ ၂၈ ရက်တွင် ဥရုဂွေးနှင့် ပွဲစဉ်အားလည်းကောင်း၊ စက်တင်ဘာလ ၅ ရက်တွင် ဗင်နီဇွဲလားနှင့် ပွဲစဉ်အားလည်းကောင်း၊ အောက်တိုဘာလ ၂ ရက်တွင် ကန်မည့် ပီရူးပွဲစဉ်အားလည်းကောင်း ကစားခွင့်ရတော့မည် မဟုတ်ပေ။ အောက်တိုဘာလ ၁၀ ရက်တွင် Quiti တွင် ကျင်းပမည့် အီကွေဒေါပွဲစဉ်တွင် မက်ဆီ ပြန်လည် ကစားနိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.