Latin America
ဘရာဇီးတွင် ငါးမန်းကိုက်ခံရ၍ အသက် ၁၈နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံး

ရီယိုဒီဂျနေးရိုး၊ ဇွန် ၅ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Pernambuco ပြည်နယ် မြို့တော် Recife မြို့ရှိ ကမ်းခြေတစ်ခုတွင် မေ ၄ရက်က အသက် ၁၈နှစ်အရွယ် အမျိုးသားတစ်ဦး ရေကူးနေစဉ် ငါးမန်းကိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ဆေးရုံသတင်းရင်းမြစ်များကပြောကြားခဲ့သည်။
သေဆုံးသူသည် Jose Ernesto Ferreira ဆိုသူဖြစ်ပြီး Piedade ကမ်းခြေတွင် ဇွန် ၃ ရက်က သူငယ်ချင်းများ နှင့် အတူရေကူးနေစဉ် ငါးမန်းကိုက်ခံရခြင်းဖြစ်ကာ ၎င်းအား Restauracao ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဆေးရုံ ဒါရိုက်တာ Miguel Arcanjo က ငါးမန်းကိုက်ခံရသူသည် ဆေးရုံသို့ရောက်ရှိလာချိန်တွင် သတိမေ့မြောနေပြီး သွေးထွက်လွန်မှုကို တားဆီးပြီး ကြွက်သားများ ပြန်လည် အလုပ်လုပ်လာစေရန် ခွဲစိတ်မှု ၈ခုကို ဆောင်ရွက်ပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသွားခဲ့ကြောင်း G1 သတင်းဝက်ဘ်ဆိုက်အားပြောကြားခဲ့သည်။
Ferreira ၏ သေဆုံးမှုကြောင့် Recife မြို့တွင် ၁၉၉၂ခုနှစ်မှစ၍ ငါးမန်းကိုက်ခံမှု ၆၅မှုတွင် သေဆုံးသူ ၂၅ဦးရှိလာကြောင်း ငါးမန်းကိုက်မှုလေ့လာစောင့်ကြည့်ရေးဆိုင်ရာ ပြည်နယ်ကော်မတီ (Cemit) က ဖော်ပြခဲ့သည်။ (Xinhua)