Latin America
ဘိုလီဗီးယားတွင် အမေရိကန်သို့ တင်ပို့မည့် ကိုကင်း ၇.၆တန်ခန့် သိမ်းဆည်းရမိ
ဘိုလီဗီးယား၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
ဘိုလီဗီးယား ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသို့ ခိုးသွင်းရန် ရည်ရွယ်ထားသော ကိုကင်း ၇.၅တန်ကျော်အား ဘိုလီဗီးယားနိုင်ငံသား သုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘိုလီဗီးယားသတင်းဋ္ဌာနက ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ပြည်ထဲရေးဝန်ကြီး ကားလို့စ် ရိုမီရို က ယခုဖမ်းဆီးရမိမှုသည် နိုင်ငံတကာ မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ်နေမှု အပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
သန့်စင်ထားသည့် ကိုကင်း ၇,၅၈၀ ကီလိုဂရမ် အား ဇူလိုင်လကုန်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သေးရာ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၉ သန်း တန်ဖိုးရှိကြောင်း ရိုမီရို ကပြောသည်။
ဘိုလီဗီးယားရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (FELCN) က အဖြူရောင် တွင်းထွက်သတ္တု တစ်မျိုးဖြစ်သည့် Ulexite များအား ကွန်တိန်နာသေတ္တာများ ဖြင့်သယ်ဆောင်လာသည့် သင်္ဘောတစ်စီးကို ကြားဖြတ်ဖမ်းဆီးခဲ့သေးကြောင်းလည်း သိရသည်။ ယင်းသင်္ဘောသည် ဟွန်ဒူးရပ်စ် နိုင်ငံ မှတစ်ဆင့် အမေရိကန်နိုင်ငံသို့ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Ulexite သတ္တုအတွင်း၌ ကိုကင်း ၃၄.၄၅ ရာခိုင်နှုန်း ပါဝင်နေသည်ကိုတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။
ယခု ကိုကင်းဖမ်းဆီးရမိမှု အပါအဝင် ၂၀၁၆ခုနှစ်အတွင်းဖမ်းဆီးရမိခဲ့သည့် စုစုပေါင်း မူးယစ်ဆေးဝါး ပမာဏသည် ကိုကင်း ၂၂တန် နှင့် ဆေးခြောက် တန် ၁၀၀နီးပါး ရှိကြောင်း သိရသည်။ (Xinhua)