Connect with us

Latin America

အမေရိကန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ သမ္မတ အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်

ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ဇူလိုင် ၃၁ ရက်နေ့၌ ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro အား နိုင်ငံခြား လုပ်ငန်းပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန ၏ ပိတ်ဆို့မှု စာရင်း သို့ ထည့်သွင်း လိုက်ပြီးဖြစ်ကြောင်း ၊ Maduro ၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံသားများအနေဖြင့် ၎င်းနှင့် ဆက်သွယ်ဆက်ဆံမှု ပြုလုပ်ခြင်း ကို တားမြစ်ကြောင်း ပါဝင် ခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ တွင် ဇူလိုင်လ ၃၀ ရက်နေ့၌ အခြေခံဥပဒေဖွဲ့စည်းရေး အစည်းအဝေး ကိုယ်စားလှယ် ရွေးကောက်ပွဲ တစ်ရပ်ကျင်းပ ပြုလုပ်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ယင်းနေ့၌ ဗင်နီဇွဲလား နိုင်ငံ အစိုးရ မှ ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲ အပေါ် ပြစ်တင်ဝေဖန် ခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ဗင်နီဇွဲလား နိုင်ငံ အစိုးရ ကို ပိုမို ပြင်းထန်ပြီး လျင်မြန်သည့် ဆောင်ရွက်မှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့၌ ဗင်နီဇွဲလား နိုင်ငံ သမ္မတ က အခြေခံဥပဒေဖွဲ့စည်းရေး အစည်းအဝေး ကို စတင်အကောင်အထည် ဖော်ခဲ့ပြီး နိုင်ငံတော်အခြေခံဥပဒေ ကို ပြန်လည်ပြင်ဆင်သတ်မှတ်မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ သို့တော် အတိုက်အခံ ပါတီ များက ဆန့်ကျင်ခဲ့ကြပြီး ရွေးကောက်ပွဲ မစတင်မီ တစ်ပတ် အလိုအထိ ဆန္ဒပြမှု များ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.