Latin America
အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အား ၆.၂ ပမာဏရှိသော ငလျင်လှုပ်ခတ်

ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း ဆန်တာအယ်လန်နာမြို့အနီး၌ မတ်လ ၃၁ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ရး၀၄ နာရီက အင်အား ၆.၂ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးထံမှ သိရသည်။
အဆိုပါ ငလျင်မှာ တောင်လတ္တီကျု ၁.၉၈၅၈ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၈၀.၈၀၈၁ ဒီဂရီ၊ မြေအောက်အနက် ၁၈.၅၂ ကီလိုမီတာအား ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ကနဦးတိုင်းတာရရှိခဲ့သည်။ (Xinhua)