Connect with us

North America

ကနေဒါနိုင်ငံဘုရင်ခံချုပ် နယ်သာလန်နိုင်ငံ နှင့် ပိုလန်နိုင်ငံ တို့သို့သွားရောက်လည်ပတ်ရန်ရှိ

ကနေဒါနိုင်ငံဘုရင်ခံချုပ် ဂျုလီပရတ်တီအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

အော့တဝါ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံဘုရင်ခံချုပ် ဂျုလီပရတ်တီ (Julie Payette) သည် ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ရန် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂ ရက် အထိ နယ်သာလန် နိုင်ငံ နှင့် ပိုလန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန်ရှိကြောင်း ကနေဒါနိုင်ငံဝန်ကြီးချုပ်ရုံးက သြဂုတ် ၂၆ ရက် တွင် ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ ဘုရင်ခံချုပ် ၏ အလည်အပတ်ခရီးစဉ်ကာလအတွင်း နှစ်နိုင်ငံ၏ အစိုးရအဖွဲ့ခေါင်းဆောင်များ နှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

၎င်းခရီးစဉ်သည် သူမအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၏ ဘုရင်ခံချုပ် ဖြစ်လာကတည်းက ဥရောပနိုင်ငံနှစ်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်သည်။

နယ်သာလန် နှင့် ပိုလန်နိုင်ငံအသီးသီး တို့မှ တစ်သန်းထက်ပိုသောနိုင်ငံသားများသည် ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။ (Xinhua)