Connect with us

North America

ကနေဒါနိုင်ငံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦးသေဆုံး

ကနေဒါနိုင်ငံ New Brunswick ပြည်နယ်၌ သြဂုတ် ၁ဝ ရက်က ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အော့တဝါ ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ New Brunswick ပြည်နယ်တွင် သြဂုတ် ၁ဝ ရက် နံနက်ပိုင်းက မတော်တဆသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးဆုံးသွားကြောင်း CTV ရုပ်မြင်သံကြားသတင်းအရ သိရသည်။

သေနတ်ပစ်ခတ်မှုသည် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် Frederictonမြို့ ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ သေဆုံးသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်။ ဒီမတော်တဆ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်အပြည့်အစုံကို အဆင်ပြေတဲ့အချိန်မှာ ထုတ်ပြန်ပေးသွားမှာပါ။ အခင်းဖြစ်ပွားရာ Main နဲ့Ring လမ်းမ နှစ်ခုကြားမှာ ယာဉ်အသွားအလာမလုပ်ဖို့ရှောင်ရှားပေးစေလိုပါတယ်” ဟု Frederiction ရဲတပ်ဖွဲ့တွစ်တာတွင် ရေးသားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.