Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံး

အခင်းဖြစ်ပွားရာနေရာတစ်ခုအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Bakersfield တွင် စက်တင်ဘာလ ၁၂ ရက်ညပိုင်းက အမည်မသိ သေနတ်သမားတစ်ဦးမှ ပစ်ခတ်ခဲ့ရာ လူ ၅ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

“ပစ်ခတ်မှုတစ်ခုအတွင်း လူ ၆ ဦးပစ်ခတ်ခံရပြီး သေဆုံးမှု” သည် ပုံမှန်မဟုတ်သော ကိစ္စဖြစ်ပြီး ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် လူသတ်မှုအဖြစ် Kern နယ်မြေမှ Sheriff Donny Youngblood က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားခဲ့သည်။

Bakersfield Californian ဝက်ဘ်ဆိုက်ဖော်ပြချက်အရမူ အဆိုပါ ပစ်ခတ်မှုသည် စက်တင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့ပြီး ညနေ ၅း၂၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ပထမဆုံး တုန့်ပြန်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

သေနတ်ပစ်ခတ်ကြောင်း သံသယရှိသူသည် ၎င်း၏ ဇနီးနှင့်အတူ လော်ရီကားမောင်းသည့်ကုမ္ပဏီသို့ သွားရောက်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ၎င်းသည် ကုမ္ပဏီ၌ အမျိုးသားတစ်ဦးနှင့် ရင်ဆိုင်တွေ့ခဲ့ပြီးနောက် ပစ်ခတ်ခဲ့ပြီးနောက် ၎င်း၏ ဇနီးအား ပစ်ခတ်ခဲ့သည်။ ထို့နောက် တတိယမြောက် အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ သေနတ်သမားသည် လူနေအိမ်တစ်လုံးသို့ သွားရောက်ခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ရင်ဆိုင်တွေ့ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထို သေနတ်သမားအား ရဲအရာရှိက လိုက်လံဖမ်းဆီးခဲ့ပြီး ကားပါကင်သို့အရောက်တွင် ၎င်း၏ရင်ဘတ်အား ပစ်ခတ်ကာ မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.