Connect with us

North America

ကလေးငယ်များအတွက် ရိုင်ဖယ်သေနတ်များ အမေရိကန်လက်နက်ကုမ္ပဏီ ထုတ်လုပ်

- အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့ရှိ ဆင်ခြေဖုန်းရပ်ကွက် Parker တွင် ဒါးလက်စ် သေနတ်ပြပွဲ၌ သေနတ်များ ခင်းကျင်းပြသထားသည်ကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အခြေစိုက် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ကလေးငယ်များအတွက် AR-15 ပုံစံငယ် semi-automatic ရိုင်ဖယ်သေနတ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း နယူးဒေလီအခြေစိုက် NDTV ရုပ်မြင်သံကြား သတင်းချန်နယ်က မကြာသေးမီက သတင်းဖော်ပြခဲ့သည်။“ကလေးတွေကို သေနတ်ပစ်အားကစားတွေမှာ မိတ်ဆက်ပေးဖို့ အရွယ်ရောက်ပြီးသူတွေကို ဘေးကင်းစိတ်ချရေး အကူအညီဖြစ်စေတဲ့ သေနတ်ပစ်ပလက်ဖောင်းတွေမှာတော့ ပထမနေရာမှာရှိနေတဲ့ JR-15 စာတန်းထိုးထားတဲ့ သေနတ်ဟာ WEE1 Tactical က ဈေးကွက်ဖြန့်ချိထားတာဖြစ်ပါတယ်” ဟု သတင်းက ဖော်ပြထားသည်။ ထို့ပြင် ရိုင်ဖယ်မှာလည်း “အမေနှင့် အဖေတို့ရဲ့ သေနတ်တွေလိုပဲ အမြင်၊ ခံစားမှုနှင့် လုပ်ဆောင်ပုံတွေက အတူတူပဲ” ဟု ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်၌ ဖြည့်စွက်ဖော်ပြထားသည်။

AR-15 ဒီဇိုင်းအုပ်စုအပေါ် အခြေခံထားသည့် ဝိတ်ပေါ့သော semi-automatic ရိုင်ဖယ်ဖြစ်သော AR-15 ပုံစံရိုင်ဖယ်သည် အမေရိကန်နိုင်ငံတွင် လူသေဆုံးမှုအများအပြား ဖြစ်စေသော သေနတ်ပစ်ခတ်မှုများတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းအရ သိရသည်။

ကလေးများအတွက် ရိုင်ဖယ်သေနတ် ထုတ်ဖော်ပြသခြင်းနှင့်ပတ်သက်၍ သေနတ်ဘေးကင်းရေးအုပ်စုမှ ရှုတ်ချမှုလည်း ပေါ်ထွက်လျက်ရှိသည်။အမေရိကန် သေနတ် အကြမ်းဖက်မှု စောင့်ကြည့်ရေးအုပ်စုတစ်ခု ဖြစ်သော Gun Violence Archive အဆိုအရ ယမန်နှစ်က အမေရိကန်နိုင်ငံရှိ သေနတ်ဖြင့်အကြမ်းဖက်မှုကြောင့် လူပေါင်း ၄၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ကလေး ၁,၅၀၀ ကျော်လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

U.S. weapons manufacturer makes rifles for children: report
2022-02-24 16:23:13
NEW DELHI, Feb. 24 (Xinhua) — A U.S.-based gun manufacturer has unveiled a semi-automatic rifle for children modelled on the AR-15 style, the New Delhi-based television news channel NDTV has recently reported.
“The gun dubbed the JR-15 is being marketed by maker WEE1 Tactical as the first in a line of shooting platforms that will safely help adults introduce children to the shooting sports,” reads the report, adding that the company’s website says the rifle “also looks, feels, and operates just like Mom and Dad’s gun.”
According to the report, the AR-15 style rifle, a lightweight semi-automatic rifle based on the Colt AR-15 design, has been used in a number of deadly mass shootings in the United States.
The unveiling of the rifle for kids has sparked condemnation from gun safety groups.
According to Gun Violence Archive, a U.S. gun violence monitoring group, nearly 45,000 people in the United States were killed in gun violence last year, including more than 1,500 minors. Enditem

Photo : Guns are on display at the Dallas Gun Show in Parker, a suburban city of Dallas, Texas, the United States, Jan. 22, 2022. (Photo by Lin Li/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.