Connect with us

North America

အမေရိကန် လေကြောင်းကြီးကြပ်ရေးက ယူကရိန်း၊ ဘီလာရုစ်၊ ရုရှားရှိ အစိတ်အပိုင်းများ ပါဝင်သော မပျံသန်းရဇုန် တိုးချဲ့သတ်မှတ်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ရော်နယ်ရေဂင် ဝါရှင်တန် အမျိုးသားလေဆိပ်သို့ ဆင်းသက်ရန် ချဉ်းကပ်လာသော လော့စ်အိန်ဂျလိစ်မှ Boeing 737 Max 8 လေယာဉ်တစ်စင်းအား ၂၀၁၉ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန(FAA) က ယူကရိန်းနိုင်ငံ၌ ပဋိပက္ခဖြစ်ပွားမှုအား ဖော်ထုတ်သည့်အနေဖြင့် ဥရောပအရှေ့ပိုင်းတွင် မပျံသန်းရဇုန်ကို တိုးချဲ့လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က ပြောကြားခဲ့သည်။

အမေရိကန် လေကြောင်းလိုင်းများနှင့် အမေရိကန်လေယာဉ်မှူးများ ဆောင်ရွက်နိုင်ခြင်းမရှိသော ဥရောပအရှေ့ပိုင်းနှင့် ရုရှားနိုင်ငံရှိ ဧရိယာတွင် တိုးချဲ့ထားသော လေကြောင်းမစ်ရှင်များအတွက် သတိပေးချက်များ (NOTAMs) ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း FAA က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“အခုတိုးချဲ့လိုက်တဲ့ NOTAMs ဟာ ယူကရိန်းနိုင်ငံတစ်ခုလုံး၊ ဘီလာရုစ်နိုင်ငံတစ်ခုလုံးနဲ့ ရုရှားနိုင်ငံ အနောက်ဘက်ပိုင်းတွေကို လွှမ်းခြုံမှုရှိပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံ ဒွန်ဘတ်စ်ဒေသတွင် “အထူးစစ်ရေးလုပ်ဆောင်ချက်” အား ခွင့်ပြုပြီးနောက် ၂၄ နာရီပင်မကြာသည့်အချိန်၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိယက်ဗ်ကလည်း နိုင်ငံတစ်ဝန်းရှိ စစ်ရေးပစ်မှတ်နေရာများ တိုက်ခိုက်ခံနေရကောင်းနှင့် မော်စကိုနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ (Xinhua)

…………………………………………
(English Version)
U.S. aviation regulator expands no-fly zone to include Ukraine, Belarus, parts of Russia
Source: Xinhua
Editor: huaxia
2022-02-25 07:14:16
WASHINGTON, Feb. 24 (Xinhua) — The Federal Aviation Administration (FAA) of the United States said on Thursday that it is extending its no-fly zone in Eastern Europe as conflicts in Ukraine are unfolding.
The FAA said in a statement that it issued Notices to Air Missions (NOTAMs) expanding the area in Eastern Europe and Russia where U.S. airlines and U.S. pilots cannot operate.
“The expanded NOTAMs now cover the entire country of Ukraine, the entire country of Belarus and a western portion of Russia,” the statement read.
The announcement came less than 24 hours after Russian President Vladimir Putin authorized “a special military operation” in the Donbass region of Ukraine.
Kiev has confirmed military targets across the Eastern European nation were under attack and severed diplomatic relations with Moscow. ■
Photo : An American Airlines Boeing 737 Max 8 aircraft from Los Angeles approaches to land at the Ronald Reagan Washington National Airport in Washington D.C., the United States on March 13, 2019. (Xinhua/Ting Shen)