Connect with us

North America

စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုကြောင့် ပြင်သစ်လေယာဉ် ကနေဒါ၌ အရေးပေါ်ဆင်းသက်ခဲ့ရ

အရေးပေါ်ဆင်းသက်ခဲ့ရသော ပြင်သစ်လေယာဉ်အားတွေ့ ရစဉ်(ဆင်ဟွာ)

အော့တဝါ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

မရိကန်နိုင်ငံ လောစ့်အိန်ဂျလိစ်မြို့မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ပျံသန်းလာသော ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် အတ္တလန္တိတ်သမုဒ္ဒရာပေါ်တွင် ဖြတ်ကျော်ပျံသန်းစဉ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုကြောင့် ကနေဒါနိုင်ငံ၌ စက်တင်ဘာလ ၃ဝရက်က အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း CTV သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်အမျိုးအစားဖြစ်သည့် Airbus A380 လေယာဉ်ကြီးသည် ပန်ကာအစိတ်အပိုင်းတစ်ခု ကြီးကြီးမားမား ချွတ်ယွင်းပျက်စီးနေသဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄ဝ မိနစ်တွင် ကနေဒါနိုင်ငံ Labrador ရှိ Goose Bay လေဆိပ်သို့အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။

လေယာဉ်အမှုထမ်းများက လေယာဉ်ကို ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ရန် ထိန်းချုပ်နိုင်ခဲ့ကြောင်း နှင့် ၎င်းလေယာဉ်ကြီးအား နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြင်သစ်လေကြောင်းလိုင်း၏ ပြောကြားချက်ကို ကိုးကား၍ CTV သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ပေါက်ကွဲသံကဲ့သို့အသံကျယ်ကြီး မကြားရခင်အချိန်အထိ လေယာဉ်စတင်ပျံသန်းပြီး ၆ နာရီခွဲ ကျော်ကြာအောင် ၎င်းလေယာဉ်၏ ပျံသန်းမှုအားလုံးမှာ ပုံမှန်အနေအထားရှိခဲ့ကြောင်း ခရီးသည်များက ဆိုသည်။ထို့နောက် လေယာဉ်ကို ကနေဒါနိုင်ငံ၌ အရေးပေါ်ဆင်းသက်မည်ဟု လေယာဉ်အမှုထမ်းများက ကြေညာခဲ့ခြင်းဖြစ်ကြောင်း ခရီးသည်များက ပြောကြားခဲ့သည်။(Xinhua)