Connect with us

North America

တက္ကဆက်ပြည်နယ် ဟူစတန်မြို့၌ ပစ်ခတ်မှုဖြစ်ပွားရာ ၉ ဦးဒဏ်ရာရ

ဟူစတန်မြို့ပစ်ခတ်မှုအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့အနောက်တောင်ပိုင်း၌ စက်တင်ဘာ ၂၆ ရက် နံနက်အစောပိုင်းတွင် မော်တော်ယာဉ်များအား သေနတ်သမားတစ်ဦးက လက်နက်အမျိုးမျိုးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ လူ ၉ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

Bissonnet ရှိ Weslayan စင်တာလမ်းကြားတွင် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း သတင်းပေးချက်ကို ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲမှာ လက်ခံရရှိပြီးပြီးချင်း ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်သမားများသည် အခင်းဖြစ်နေရာသို့ချက်ချင်း သွားရောက်ခဲ့ကြောင်း ဟူစတန်ရဲတပ်ဖွဲ့၏ပြောဆိုချက်အရ သိရသည်။
ဒေသစံတော်ချိန် ၈ နာရီ ၄၅ မိနစ်တွင် တည်ငြိမ်လုံခြုံသည့် အနေအထားကိုမြင်တွေ့ရကြောင်း ၊ သို့သော် သံသယဖြစ်ဖွယ်ကားကို ဗုံးစစ်ဆေးမှုများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အခင်းဖြစ်နေရာအနီးရှိ ကားအစီးပေါင်းများစွာတွင် ကျည်ဆံရာအပေါက်များ နှင့် ပြတင်းပေါက်မှန်များ ကွဲအက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။ ဒဏ်ရာရသူများကပြောကြားရာတွင် ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်မောင်းများ နှင့် ခရီးသည်များသည် ထုနှက်ရိုက်ခြင်းခံရကြောင်း ဆိုသည်။
ကနဦးစုံစမ်းစစ်ဆေးမှုအရ သံသယဖြစ်ဖွယ် တရားခံမှာ စိတ်ဓါတ်ကျဆင်းကာ စိတ်ပျက်နေသော ရှေ့နေတစ်ဦးဖြစ်နိုင်ကြောင်း နှင့် ၎င်းသည် အခင်းဖြစ်နေရာမှာပင် သေဆုံးသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုခဲ့သည်။
ဒဏ်ရာရသူများအနက် ၆ ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့တင်ပို့ထားကြောင်း ၊ သို့သော် ၎င်းတို့၏ အခြေအနေကို အတိအကျ မသိရှိရသေးကြောင်း ၊ သုံးဦးမှာ ဒဏ်ရာသေးငယ်ကြောင်း အခင်းဖြစ်မြင်ကွင်းအရ ရဲတပ်ဖွဲ့ကဆိုသည်။ ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.