Connect with us

North America

တင်းမာမှုများရှိနေသည့်ကြားမှ အရှေ့အလယ်ပိုင်းဒေသသို့ ပွမ်ပီယို ချစ်ကြည်ရေးခရီးသွားရောက်မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆယ်မန် ဘင် အဗ္ဗဒူလာဇစ် အယ်လ်ဆော့ နှင့် ၂၀၁၈ ခုနှစ် ဧပြီလ ၂၉ ရက်က တွေ့ဆုံ (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် လာမည့် သီတင်းပတ်များအတွင်း ဆီးရီးယားနိုင်ငံ၊ အီရန်နိုင်ငံနှင့် ယီမင်နိုင်ငံ အရေးကိစ္စများဆွေးနွေးရန် အရှေ့အလယ်ပိုင်းနိုင်ငံ ၈ နိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်က ပြောကြားလိုက်သည်။

၈ ရက်ကြာမြင့်၏ ပွမ်ပီယို၏ ခရီးစဉ်အား ဇန်နဝါရီလ ၇ ရက်တွင် စတင်မည် ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံသို့လည်း သွားရောက်မည် ဖြစ်ပြီး ယီမင်နိုင်ငံ၊ အီရန်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံကာ နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ ဦးစားပေးကိစ္စရပ်များအား ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ပယ်လာဒီနို (Robert Palladino) က ပြောကြားလိုက်သည်။

ဆော်ဒီနိုင်ငံ၌ရှိနေစဉ် ပွမ်ပီယိုသည် ဆော်ဒီသတင်းစာဆရာ ဂျမယ်လ် ခါရှှိုဂျီ (Jamal Khashoggi) သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု နောက်ဆုံးအချက်အလက်ကိုလည်း ရှာဖွေမည် ဖြစ်ကြောင်း ပယ်လာဒီနိုက ပြောခဲ့သည်။ထို့နောက် ပွမ်ပီယိုသည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ သွားရောက်ပြီး အီဂျစ်နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အီရန်အရေး၊ ပါလက်စတိုင်း-အစ္စရေး ကိစ္စ၊ အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် စီးပွားရေးနှင့် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စရပ်များ ဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဂျော်ဒန်နိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနိုင်ငံ၊ အိုမန်နိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့သို့လည်း ဆက်လက်သွားရောက်မည့် ပွမ်ပီယို၏ ခရီးစဉ်မှာ ဆီးရီးယားမှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းသည့် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် ဒေသတွင်း တင်းမာမှုကြာရှည်ရှိနေသည့်ကြားမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ဆော်ဒီသတင်းစာဆရာ ခါရှိုဂျီ သည် တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံး၌ ၂၀၁၈ ခုနှစ် အောက်တိုဘာလက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းကိစ္စနှင့် ဆက်စပ်မှုရှိသော ဆော်ဒီ ထိပ်တန်းအရာရှိများ ဖမ်းဆီးခံခဲ့ရသည်။ (Xinhua)