North America
ထရမ့်-ကင် တွေ့ဆုံပွဲအတွက် တရုတ်နိုင်ငံ အခိုင်အမာထောက်ခံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဝါရှင်တန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံခြင်းကို အခိုင်အမာထောက်ခံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
နှစ်နိုင်ငံ ထိပ်ပိုင်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက်ဆက်သွယ် ပြောဆိုခြင်းသည် ကိုရီးယားကျွန်းဆွယ် နျူကလီးယာအရေး ဖြေရှင်းရာတွင် အဓိကကျကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နှင့် တွေ့ဆုံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝမ်ရိက ပြောကြားခဲ့သည်။
ဝမ်သည် အာဂျင်တီးနားနိုင်ငံမှအပြန် ဝါရှင်တန်ဒီစီသို့ မေလ ၂၃ ရက်က ခရီးတစ်ထောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲအား စီစဉ်ထားသည့်အတိုင်း ကျင်းပကာ အောင်မြင်မှုရရှိရန်မျှော်လင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
သမ္မတ ထရမ့်နှင့် ခေါင်းဆောင် ကင်တို့က ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းကို ဆောင်ကြဉ်း၍ ကမ္ဘာကို ကောင်းသတင်းများ ယူဆောင်ပေးနိုင်ရန် စွမ်းဆောင်နိုင်ပြီး မှန်ကန်သည့်လမ်းကြောင်းရောက်အောင် အမြော်အမြင်ရှိရှိ လုပ်ဆောင်နိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)