Connect with us

North America

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က အီရန် နိုင်ငံသား ၅ ဦး အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း ထပ်မံ ကြေညာ

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး Steven Mnuchin အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က မေလ ၂၂ ရက်နေ့ ၌ အီရန် နိုင်ငံသား ၅ ဦး ကို ပိတ်ဆို့အရေးယူမှု ဆောင်ရွက်လိုက်ကြောင်း ထပ်မံ ကြေညာ ခဲ့ပြီး ၎င်းတို့ အနေဖြင့် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား ဒုံးကျည် နှင့် ပတ်သက်သည့် နည်းပညာများ ထောက်ပံ့ကူညီ ခဲ့ကြောင်း ပြစ်တင် ဝေဖန် ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ဌာန က ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် ပိတ်ဆို့အရေးယူ ခံရသည့် အီရန် နိုင်ငံသား များသည် အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် အီရန် ဒုံးကျည် စီမံကိန်း များနှင့် ပတ်သက် ဆက်နွယ်မှု ရှိနေသူများ ဖြစ်ကြောင်း ၊ ၎င်းတို့၏ ဆောင်ရွက်မှုများကြောင့် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ က ဆော်ဒီအာရေဗျ နိုင်ငံ ၏ ရေနံတွင်းများ နှင့် မြို့များ အား တိုက်ခိုက် နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ပိတ်ဆို့အရေးယူမှု ခံရသူများ အနေဖြင့် ၎င်းတို့၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံး ကို ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ နှင့် လူပုဂ္ဂိုလ် များက ၎င်းတို့နှင့် မည်သည့် ထိတွေ့ဆက်ဆံမှု အားလုံး ကို တားမြစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၈ ရက်နေ့ ၌ အီရန် နျူကလီးယား သဘောတူညီချက် မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေး ယူမှု ပြနလည် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်တွင် အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ အဆက်မပြတ် လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.