Connect with us

North America

မက္ကဆီကို နိုင်ငံသမ္မတအနေဖြင့် အာရှပစိဖိတ် ဒေသများ နှင့် စီးပွားရေး နှင့် ကုန်သွယ်ရေးကို ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားလျက်ရှိ

မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador အားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရီစ် မနျူရယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador)က စီးပွားရေး နှင့် ကုန်သွယ်ရေး တွင် အလာအလာရှိသော အာရှပစိဖိတ်ဒေသများ နှင့် အလေးပေး ဆောင်ရွက်ရန် အထူးသဖြင့် တရုတ်နိုင်ငံ နှင့် ဆောင်ရွက်ရန် ၊ထိုဒေသတွင်းနိုင်ငံများ နှင့် ကုန်သွယ်ရေး အားကောင်းရန်သမ္မတက ၎င်း၏ အစိုးရအဖွဲ့ကို ရည်ရွယ်ချက်များအား ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ကျဉ်းမြောင်းသည့် ဧရိယာ ဖြစ်သော Tehuantepec မြို့ တွင် ပစိဖိတ် နှင့် အတ္တလန်တိတ် သမုဒ္ဒရာ နှစ်ခု ၏ ကမ်းရိုးတန်း ၂ခုကြားစြင်္ကဆောက်ရန် မက္ကဆီကိုနိုင်ငံအစိုး ရ အနေဖြင့် မဟာဗျူဟာမြောက်စီမံကိန်းတစ်ခုအဖြစ်ဆောင်ရွက်ရန်ရှိကြောင်း သမ္မတကဆိုသည်။

“ပစိဖိတ် နဲ့အတ္တလန္တိတ် တို့ ဆက်သွယ်ဖို့ အတွက် နယ်မြေ ရဲ့ ၂၃၀ ကီလိုမီတာလောက်ကို ချိတ်ဆက်နိုင်တဲ့ အတွက် ကျွန်တော်တို့ အတွက် ဖြစ်နိုင်ခြေရှိတယ်’’ ဟု အလုပ်အကိုင် နှင့်စီးပွားရေးဖွံ့ဖြိုးမှုမြှင့်တင်ရေးကောင်စီ တွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တင်ပြချက် အရ သမ္မတ Lopez Obrador က ရင်းနှီးမြှုပ်နှံသူများကိုပြောခဲ့သည်။

ကျယ်ပြန့်သောကုန်းမြေနှစ်ရပ်အားဆက်ထားသောကုန်းရိုး ဖွံ့ဖြိုးရန် အတွက် တွန်းအားပေးသော အစိတ်အပိုင်းတစ်ရပ်အဖြစ် အစိုးရအနေဖြင့် ဆိပ်ကမ်း နှစ်ခုဖြစ်သော Salina Cruz နှင့် Coatzacoalcos တို့ကိုခေတ်မီအောင်ပြုလုပ်မည်ဖြစ်ပြီး၊ ကုန်တင်ရထားများအတွက် ရထားလမ်းများကိုလည်း ဆောင်ရွက်ရန်ရှိကြောင်း သမ္မတ Lopez Obrador ကပြောသည်။

ရင်းနှီးမြှုပ်နှံမှု ကိုဆွဲဆောင်ရန်အတွက် ၎င်းနယ်မြေ တွင် အစိုးရ အနေဖြင့် အခွန်ကင်းမဲ့ဇုန်ဧရိယာ အဖြစ် ဆောင်ရွက်ရန်စဉ်းစားနေကြောင်း ၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.