Connect with us

North America

ထရမ့်က ကင်ဂျုံအမ် နှင့် မကြာမီပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် အကောင်းရလဒ်ရှုမြင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်တို့ ၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံ၌ တွေ့ ဆုံစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်ကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နှင့်အတူ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မကြာမီပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲတွင် အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

သတင်းသမားများနှင့်တွေ့ဆုံစဉ် ထရမ့်က လာမည့်အပတ် ဗီယက်နမ်ခရီးစဉ်သည် “ အလွန်အောင်မြင်လိမ့်မည်” ဖြစ်ကြောင်း ၊ ကင်ဂျုံအမ်နှင့် နှစ်ရက်ကြာပြုလုပ်မည့်အစည်းအဝေးသည် “ များစွာပြီးမြောက်အောင်မြင်လိမ့်မည်” ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ဒါက နောက်ဆုံးအစည်းအဝေးဖြစ်မယ်လို့မရည်ရွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဖြစ်လိမ့်မယ်လို့ကျွန်တော်မယုံကြည်လို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အကြား များစွာအကျိုးရှိမယ့် အကြောင်းအရာတွေကို ဆွေးနွေးသွားမှာပါ” ဟု ထရမ့်က ဆိုသည်။

ထို့ပြင် ထရမ့်က မြောက်ကိုရီးယားနိုင်ငံသည် “အဓိပ္ပါယ်ရှိသော လုပ်ဆောင်မှု တစ်စုံတစ်ရာ ပြုလုပ်မည်” ဆိုပါက အမေရိကန်နိုင်ငံ အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထရမ့်က ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ “ အပြီးသတ်နျူကလီးယားကင်းစင်ရေး” လုပ်ဆောင်ချက်ကို မြင်တွေ့လိုကြောင်း ၊ သို့သော် တစ်ချိန်တည်းမှာပင် ဒဏ်ခတ်ပိတ်ဆို့မှုဆက်လက်ထားရှိရေးကိစ္စနှင့်ပတ်သက်၍ “ တစ်သီးတစ်ခြား အလျင်စလို လုပ်မည်မဟုတ်ကြောင်း” နှင့် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားမှ အစ ဒုံးကျည်အထိ စမ်းသပ်မှုများကို ရှောင်ရှားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Robert Palladino ကလည်း မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုမှာ “ နျူကလီးယားကင်းစင်ရေး နောက်ဆုံးရလဒ်ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်သည်အထိ ဆက်လက်ထားရှိသွားမည်” ဟု ပြောကြားခဲ့သည်။

ထရမ့်က ကင်နှင့်ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ နှင့် ၂၈ ရက်များတွင် ဟနွိုင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ ထရမ့်သည် ၂ဝ၁၈ ခုနှစ် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ ကင်နှင့်ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး အမေရိကန်-မြောက်ကိုရီးယားဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

သို့သော် နျူကလီးယားကင်းစင်ရေး လမ်းပြမြေပုံ ၊ ဒဏ်ခတ်ပိတ်ဆို့မှုများရုပ်သိမ်းရေး နှင့် စစ်ပွဲအဆုံးသတ်ကြောင်းကြေညာခြင်းထုတ်ပြန်ရေးကိစ္စကဲ့သို့ အဓိက ကိစ္စရပ်များတွင် သဘောထားကွဲလွဲချက်များရှိနေရာ စေ့စပ်ညှိနှိုင်းမှုကို အတားအဆီးဖြစ်နေဆဲ ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.