Connect with us

North America

ရော်နယ်ဒိုအား မုဒိန်းမှုဖြင့် တရားစွဲဆိုမည်မဟုတ်ဟုဆို

ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးရော်နယ်ဒို အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

မုဒိန်းမှုဖြင့် စွပ်စွဲခံရသည့် ဘောလုံးအကျော်အမော် ခရစ္စတီယာနိုရော်နယ်ဒိုအား ယင်းအမှုဖြင့် တရားစွဲဆိုသွားမည်မဟုတ်ကြောင်း အမေရိကန်အစိုးရရှေ့နေများက ထုတ်ပြန်ကြေညာခဲ့သည်။

ဂျူဗင်တပ်ကလပ်အသင်း နှင့် ပေါ်တူဂီလက်ရွေးစင်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုသည် ၂ဝဝ၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့(Las Vegas) ရှိ ဟိုတယ်တစ်လုံးအတွင်း ၎င်းအား လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း Kathryn Mayorga ဆိုသူအမျိုးသမီးက စွပ်စွဲထားသည်။သို့သော် လာ့စ်ဗီးဂတ်စ်အစိုးရရှေ့နေများက စွပ်စွဲချက်များမှာ “ ကြောင်းကျိုးဆီလျော်မှုမရှိဘဲ သံသယဖြစ်ဖွယ်ရှိနေ” ကြောင်း ပြောဆိုခဲ့သည်။

Mayorga က ပေါ်တူဂီကြယ်ပွင့်နှင့် ၂ဝ၁ဝ ပြည့်နှစ်တွင် တရားရုံးပြင်ပ၌ ညှိနှိုင်းမှုတစ်ခုပြုလုပ်ခဲ့ကြောင်း နှင့် “MeToo လှုပ်ရှားမှု” ( လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူများက ဖွင့်ဟထုတ်ဖော်ခြင်း) လှုပ်ရှားမှုအပေါ် ထောက်ခံသည့်အနေဖြင့် ရော်နယ်ဒိုနှင့် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်အပေါ် ဖွင့်ဟပြောဆိုရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း Mayorga က ဆိုသည်။

တရားရုံးပြင်ပ၌ ပြုလုပ်သော ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် အမည်မဖော်လိုသူတစ်ဦးက Mayorga အား အမေရိကန်ဒေါ်လာ ၃၇၅,ဝဝဝ ပေးအပ်ခဲ့သည်။ လာ့စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့သည် Mayorga ၏ တောင်းဆိုချက်အရ ၂ဝ၁၈ ခုနှစ် သြဂုတ်တွင် စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့သည်။ သို့သော် “ အချင်းဖြစ်ပွားချိန်က သတင်းအချက်အလက်အပေါ်သုံးသပ်ချက်အရ” စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.