Connect with us

Europe

UEFA အကောင်းဆုံး ကစားသမားဆု ရော်နယ်ဒို ရရှိ

UEFA အကောင်းဆုံး ကစားသမားဆုအား ရော်နယ်ဒို လက်ခံယူနေစဉ် (ဓာတ်ပုံ- အင်တာနက်)

ပဲရစ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ချန်ပီယံရှစ်လိဂ် နောက်ဆုံးရာသီနှင့် ယူရို ၂၀၁၆ ပွဲစဉ်တွင် အနိုင်ရပြီးနောက် ရီးယဲ မက်ဒရစ်အသင်း တိုက်စစ် မှူး ခရစ္စတီယာနို ရော်နယ်ဒိုသည် ဥရောပတိုက်၏ အကောင်းဆုံး ကစားသမားဆုအား သြဂုတ်လ ၂၅ ရက်က ရရှိခဲ့ကြောင်း သိရသည်။

ရော်နယ်ဒိုသည် အဆိုပါ UEFA (Union of European Football Associations) အကောင်းဆုံး ကစားသမား ဆုအား ၂၀၁၃-၂၀၁၄ ခုနှစ်က ရရှိခဲ့ဖူးသလို ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်ပြီး ရီးယဲမက်ဒရစ် အသင်းမှ ကစားဖက် Gareth Bale နှင့် Atletico Madrid အသင်းက Antoine Griezmann တို့အား ကျော်ဖြတ်ကာ ရော်နယ်ဒိုက ဆွတ်ခူးသွားခဲ့ခြင်း ဖြစ်သည်။

“ဒီဆုကို ရရှိတဲ့အတွက် ကျွန်တော် အရမ်းကို ဝမ်းသာပါတယ်၊ ဒီရာသီဟာ မယုံကြည်နိုင်လောက်တဲ့ ရာသီတစ် ခု ဖြစ်ခဲ့တယ်၊ ကျန်တဲ့ ကစားသမား နှစ်ယောက်လဲ ဒီဆုနဲ့ ထိုက်တန်သူတွေပါပဲ” ဟု ရော်နယ်ဒိုက ပြောသည်။ယူရို ၂၀၁၆ တွင် ရီးယဲနှင့် Atletico တို့ ပွဲစဉ်၌ ရော်နယ်ဒို၏ တစ်လုံးတည်းသော ပွဲသိမ်းကန်ချက်ဖြင့် ရီးယဲက ဗိုလ်စွဲခဲ့ပြီး ၁၁ ကြိမ်မြောက် ဥရောပ ဖလားအား ဆွတ်ခူးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117