Connect with us

North America

ရွှေ့ပြောင်း ဒုက္ခသည်ကုန်တင်ကားများ အား တားဆီးရန် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်သား ၅,၂၀၀ ဖြန့်ကျက်မည်

အမေရိကန်တပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသွားလာသူများအုပ်စုလိုက်များပြားစွာ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးရန်အတွက် ယခုရက်သတ္တပတ်တွင် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ တပ်ဖွဲ့ဝင် ၅,၂၀၀ ကို ပင်တဂွန်စစ်ဌာနချုပ်မှ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၉ ရက်က ကြေညာခဲ့သည်။

ယခုရက်သတ္တပတ် မကုန်မီ အနောက်တောင်ဘက်ရှိ နယ်စပ်သို့ စစ်သား ၅,၂၀၀ ကျော် ဖြန့်ကျက်ချသွားမည်ဖြစ်ကြောင်း မြောက်ပိုင်း အမေရိကန်လေကြောင်းအာကာသကာကွယ်ရေးစစ်တိုင်း တပ်မှူး လေတပ်ဗိုလ်ချုပ် Terrence O’Shaughnessy က အောက်တိုဘာ ၂၉ ရက် နေ့လည်ပိုင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ဗိုလ်ချုပ်က အမေရိကန်တပ်သား ၈၀၀ ခန့်သည် နယ်စပ်ကာကွယ်ရေးပိုမိုတောင့်တင်းစေရန် တက္ကဆက်ပြည်နယ်သို့ သွားရောက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးတာဝန်ရှိသူများက နယ်စပ်သို့ တပ်သား ၁,၀၀၀ အထိစေလွှတ်မည့် အစီအစဉ်တစ်ခုကို စဉ်းစားနေကြောင်း ပြောကြားနေစဉ် ယင်းဖြန့်ကျက်မှုသည် ယခင်ရက်သတ္တပတ်က ခန့်မှန်းမှုများထက် အနည်းငယ်ပိုများနေကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.