Connect with us

North America

သမ္မတဒေါ်နယ်ထရမ့်က ကုန်သွယ်ရေးကိစ္စဆွေးနွေးရန် ကိုယ်စားလှယ်အမည်စာရင်းကို ကြေညာ

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က တရုတ်-အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးပွဲသို့တက်ရောက်ရန် မေလ ၃ ရက်တွင် တရုတ်နိုင်ငံသို့သွားရောက်မည့် အမေရိကန်တရားဝင်ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင် အမည်များကို ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Terry Branstad ၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Munchin ၊ စီးပွားရေးဝန်ကြီး Wilbur Ross နှင့် အမေရိကန်ကုန်သွယ်ရေးအထူးကိုယ်စားလှယ်(USTR) Robert Lighthizer တို့ပါဝင်မည်ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းကိုယ်စားလှယ်အဖွဲ့ထဲတွင် သမ္မတဒေါ်နယ်ထရမ့်၏ စီးပွားရေးမူဝါဒရေးရာ လက်ထောက် Larry Kudlow ၊ သမ္မတ၏ ကုန်သွယ်ရေး နှင့် ကုန်ထုတ်လုပ်ရေး မူဝါဒရေးရာ လက်ထောက် Peter Navarro နှင့် သမ္မတ၏ နိုင်ငံတကာစီးပွားရေးကိစ္စရပ်များဆိုင်ရာ ဒုလက်ထောက် Everett Eissenstat တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လတ်တလောကုန်သွယ်ရေးတွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်နေခြင်း နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က ပြီးခဲ့သော ရက်သတ္တပတ်တွင် ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်ဆွေးနွေးသွားရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။

“ ကုန်သွယ်ရေးပဋိပက္ခမှာ ဘယ်သူမှ အနိုင် မရပါဘူး။ ဒါဟာ ကမ္ဘာ့စီးပွားရေးနလံထမှုမှာ သက်ရောက်မှု ရှိရုံမျှမကဘူး ၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုကိစ္စတွေမှာလည်း ချိတ်ဆက်မှု ရှိနေပါတယ်” ဟု လီက ဆိုသည်။ ယင်းကို အဖြေရှာရန် နှစ်ဖက်စလုံးအနေဖြင့် မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးမှု ပြုလုပ်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဧပြီလ ၃ဝ ရက်က Fox စီးပွားရေးကွန်ရက်နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Munchin က တရုတ်နိုင်ငံနှင့်ပြုလုပ်မည့် ကုန်သွယ်ရေးကိစ္စရပ်များဆွေးနွေးပွဲအပေါ် “ သတိကြီးစွာဖြင့် အကောင်းဖက်ကရှုမြင်ပါတယ်” ဟု ဆိုခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် တရုတ်နိုင်ငံ၏ သွင်းကုန်များအပေါ် အမေရိကန်ဒေါ်လာ ၁၅ဝ ဘီလီယံ အခွန်တိုးမြှင့်ကောက်ခံရန် မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ပြီး အကယ်၍ ၎င်းအစီအစဉ်အား အကောင်းအထည်ဖော်ပါက တရုတ်နိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ သွင်းကုန်များကို တန်ပြန် အခွန်တိုးမြှင့်ကောက်ခံမှုများပြုလုပ်သွားမည်ဟု ဆိုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.