Connect with us

North America

သမ္မတဒေါ်နယ်ထရမ့်က အီရန်ကိုတန်ပြန်တွန်းလှန်ရန် ယူအေအီး နှင့် ဆော်ဒီ နိုင်ငံခေါင်းဆောင်များအား ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုက်တွန်း

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံ ခေါင်းဆောင်များအား အီရန်နိုင်ငံ၏ဒေသတွင်း၌ သြဇာလွှမ်းမိုးမှုကို တန်ပြန်တွန်းလှန်ရန်အတွက် ပင်လယ်ကွေ့နိုင်ငံ နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖေဖော်ဝါရီ ၂၇ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

သမ္မတအိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက်ထဲတွင် သမ္မတဒေါ်နယ်ထရမ့်က ယူအေအီးနိုင်ငံအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဇေယတ်အား ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် စီးပွားရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အနာဂတ်နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ခြင်းဆိုင်ရာ အခွင့်အလမ်းများ နှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်အကြားဆွေးနွေးသွားကြရန် ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်က ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှုကောင်စီ(GCC) အနေဖြင့် အီရန်နိုင်ငံ၏ “ တည်ငြိမ်မှုကို ပျက်ပြားစေရန်” လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စွာ တန်ပြန်တွန်းလှန်ရန် နှင့် အစွန်းရောက်ဝါဒီများ နှင့် အကြမ်းဖက်သမားများအား နှိမ်နှင်းရန်အတွက် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ယူအေအီးနိုင်ငံအိမ်ရှေ့မင်းသား Sheikh Mohamed bin Zayed Al-Nahyan အား အတူတကွတွေ့ရစဉ် (ဆင်ဟွာ)

ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman အား ဘုရင်ဖေဆဲလ် လေတပ်အကယ်ဒမီ ဗိုလ်လောင်းသင်တန်းကျောင်း အပတ်စဉ် ၉၃ ကျောင်းဆင်းပွဲ၌တွေ့ရစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံခေါင်းဆောင်များကလည်း GCC သည် ဒေသတွင်းခြိမ်းခြောက်မှုများ လျော့ပါးစေရန် နှင့် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆလ်မန် နှင့်သီးခြား ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်ခဲ့ပြီး ထရမ့်က ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေး နှင့် လုံခြုံရေးတွင် အမေရိကန်-ဆော်ဒီ မိတ်ဖက်ဆက်ဆံရေး အနာဂတ်တွင်တိုးမြှင့်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်က ဆော်ဒီအာရေးဗီးယား ၊ ယူအေအီး ၊ ဘာရိန်း နှင့် အီဂျစ်နိုင်ငံများက ကာတာနိုင်ငံအား အီရန်နိုင်ငံနှင့်အနီးကပ်ဆက်ဆံခြင်းဖြင့် အကြမ်းဖက်မှုထောက်ခံအားပေးခြင်း နှင့် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့ကြသည်။

အဆိုပါစွပ်စွဲချက်အားလုံးကို တရားမျှတမှုမရှိကြောင်း နှင့် အခြေအမြစ်မရှိကြောင်း ကာတာနိုင်ငံက ပြင်းထန်းစွာ ငြင်းဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.