Connect with us

North America

အမေရိကန်က ဥရောပတွင်ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများ အပေါ် စိုးရိမ်မှုရှိနေ၍ ပြည်သူများအတွက် ခရီးသွားသတိပေးချက်ထုြတ်ပန်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဥရောပသို့ခရီးသွားလာခြင်းအတွက် နိုဝင်ဘာ ၁၆ ရက် က သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေခြင်း နှင့် ပတ်သက်၍ ၎င်း၏ ပြည်သူများအား သတိနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ပြင်သစ်၊ ဗြိတိန် နှင့် ဆွီဒင်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံအများအပြားတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကို ကိုးကား၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုရှိနေကြောင်း ပြောကြားခဲ့သည်။

ယင်းအကြမ်းဖက်မှုကို ကြည့်ရှုခြင်းအားဖြင့် IS စစ်သွေးကြွများ၊ အယ်လ်ကိုင်ဒါ စစ်သွေးကြွများ နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့များသည် ဥရောပတိုက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ စီစဉ်လုပ်ဆောင်နိုင်ခြေ ရှိနေသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက နိုဝင်ဘာ ၁၆ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် တစ်ကိုယ်တော်အစွန်းရောက်သမားများ၏ တိုက်ခိုက်မှုကိုလည်း သတိထားကြရန်နှင့် အမေရိကန်နိုင်ငံသည် အကြမ်းဖက်မှုကို တိုက်ဖျက်ရန် ၎င်း၏မဟာမိတ်ဥရောပနိုင်ငံများ နှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်းပြောကြားခဲ့သည်။

ယင်းခရီးသွား သတိပေးချက်သည် ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.