Connect with us

North America

အမေရိကန်တပ်ဖွဲ့ဝင် ၁,ဝဝဝ ကျော် ပိုလန်၌ တိုးမြှင့် တပ်ချထားမည်ဟု အိမ်ဖြူတော်ထုတ်ပြန်

အမေရိကန်နိုင်ငံသမ္မတထရမ့် နှင့် ပိုလန်နိုင်ငံသမ္မတ Andrzej Duda တို့ အား သတင်းစာရှင်းလင်းပွဲ၌ အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ပိုလန်နိုင်ငံသို့တပ်ဖွဲ့ဝင် ၁,ဝဝဝ ကျော် ထပ်မံစေလွှတ်၍ တိုးမြှင့်တပ်ချထားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်မှာ ရုရှားအတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုကို မြင့်တက်စေကြောင်း သိရသည်။

“ အမေရိကန်နဲ့ပိုလန် တို့ဟာ ပိုလန်နိုင်ငံမှာ အမေရိကန်ရဲ့ နောက်တိုး တပ်ဖွဲ့ဝင် ၁,ဝဝဝ ချထားရေးအတွက် မူဘောင်တစ်ခုကို သဘောတူညီခဲ့ကြပါတယ် ” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သို့အလည်အပတ်ရောက်ရှိနေသော ပိုလန်နိုင်ငံသမ္မတ Andrzej Duda နှင့် ဇွန် ၁၂ ရက်က ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတထရမ့်က အမေရိကန်တပ်ဖွဲ့ဝင် ၁,ဝဝဝ အတွက် လိုအပ်သော အခြေခံအဆောက်အအုံကို ပိုလန်အစိုးရက တည်ဆောက်ပေးရမည်ဖြစ်ကြောင်း နှင့် ကုန်ကျစရိတ်ကို အမေရိကန်နိုင်ငံက ကျခံမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပိုလန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်းမှာ ရုရှားနိုင်ငံ၏ ရန်ကို ခုခံကာကွယ်ရန်ဖြစ်ကြောင်း နှင့် အနောက်နိုင်ငံများနှင့်ပိုလန်နိုင်ငံ၏ ဆက်ဆံရေး စည်းလုံးခိုင်မာမှုအတွက်ဖြစ်ကြောင်း Duda က ဆိုသည်။

ပိုလန်နိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် နေတိုးစစ်မဟာမိတ်စာချုပ်အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် နိုင်ငံအတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင် ၄,၅ဝဝ ခန့်ကို လက်ခံထားသည်။ အမေရိကန်တပ်ဖွဲ့ဝင်များ ပိုလန်မြေပေါ်၌ တပ်စွဲထားရန် တပ်စခန်းတစ်ခုတည်ဆောက်ပေးခဲ့ရသည့်အပြင် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကိုလည်းပေးချေခဲ့ရကြောင်း သိရသည်။

ပိုလန်နိုင်ငံမှ F-35 ဂျက်တိုက်လေယာဉ် ၃၂ စင်းဝယ်ယူရေးကို ထရမ့်က အသိအမှတ်ပြုခဲ့သည်။ နှစ်နိုင်ငံသမ္မတတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ မစတင်မီ အမေရိကန် F-35 ဂျက်တိုက်လေယာဉ်တစ်စင်းသည် အိမ်ဖြူတော်ပေါ် ဖြတ်ကျော်၍ ပျံသန်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းပြည် GDP ၏ စုစုပေါင်း ၂ ရာခိုင်နှုန်းကျော်ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုသွားမည်ဆိုသည့် ပိုလန်နိုင်ငံ၏ ကတိကဝတ်အပေါ် ထရမ့်က ချီးကျူးစကားဆိုခဲ့ပြီး အခြားနေတိုး မဟာမိတ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ယင်းသို့လုပ်ဆောင်ကြရန် ထရမ့်အစိုးရအဖွဲ့က ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။

ထရမ့်က လာမည့် စက်တင်ဘာတွင် ပိုလန်နိုင်ငံသို့သွားရောက်လည်ပတ်ရန် အမှန်တကယ်စဉ်စားထားကြောင်းလည်း အသိပေးပြောကြားခဲ့သည်။

အမေရိကန် နှင့် ပိုလန် နိုင်ငံတို့သည် ၎င်းတို့၏ လုံခြုံရေး နှင့် သံတမန်ဆက်ဆံရေးခိုင်မာအောင် တိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားအရေး ၊ ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုအရေး တို့အပြင် Nord Stream 2 ပိုက်လိုင်းစီမံကိန်း ကိစ္စရပ်များအပါအဝင် နယ်ပယ်ကဏ္ဍပေါင်းစုံတွင် တူညီသော သဘောထားရပ်တည်ချက်ရှိခဲ့ကြသည်။

ပိုလန်နိုင်ငံ၏ရည်ရွယ်ချက်များအပေါ် စိုးရိမ်ပူပန်မှုရှိကြောင်း ရုရှားနိုင်ငံက ပြောကြားခဲ့ပြီး နေတိုး၏ ရုရှားနိုင်ငံနယ်နိမိတ်အထိ ဦးတည်တိုးချဲ့လာမှုမှာ ဥရောပတိုက်အား မတည်မငြိမ်မှုဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း ရုရှားက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.