Connect with us

North America

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယို အာရှ-ပစိဖိတ်နိုင်ငံ ၃ နိုင်ငံသို့ သွားမည်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယို (Mike Pompeo) သည် ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် မိုက်ခရိုနီးရှားနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်အတွင်းသွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ပွမ်ပီယိုသည် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင်ရှိနေစဉ် အမေရိကန်-အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဝန်ကြီးအဆင့်အစည်းအဝေးနှင့် မဲခေါင်မြစ်အောက်ပိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှု ဝန်ကြီးအဆင့်အစည်းအဝေးပွဲများတွင် ပူးတွဲသဘာပတိအဖြစ်လည်းကောင်း၊ အရှေ့အာထိပ်သီးအစည်းအဝေး ဝန်ကြီးအဆင့်အစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် ဝန်ကြီးအဆင့်အစည်းအဝေးများတွင်လည်း တက်ရောက်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဝန်ကြီးဌာနက ပြောခဲ့သည်။

သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း ပွမ်ပီယိုက အသစ်ရွေးချယ်ခံထားရသော သြစတြေးလျ ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါ (Mark Esper) နှင့်အတူ သြစတြေးလျ-အမေရိကန် ဝန်ကြီးအဆင့် ဆွေးနွေးညှိနှိုင်းမှု၌ အမေရိကန် ကိုယ်စားလှယ်များအား ဦးဆောင်မည်ဖြစ်ကြောင်း ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ပွမ်ပီယိုသည် ၎င်း၏ခရီးစဉ်အတွင်း အိမ်ရှင်နိုင်ငံများရှိ နိုင်ငံခြားရေးဝန်ကြီးများ၊ အခြား အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)