Connect with us

North America

အမေရိကန်နိုင်ငံတွင် ပိုက်လိုင်းပိတ်ထားမှုကြောင့် ရေနံဈေးနှုန်းမြင့်တက်

နယူးယောက်၊ မေ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ အဓိကလောင်စာဆီပိုက်လိုင်းစနစ် အဆင့်မြှင့်တင်လိုက်ပြီးနောက် ရေနံဈေးနှုန်းသည် မေ ၁၁ ရက်တွင် မြင့်မားလျက်ရှိကြောင်း သိရသည်။New York Mercantile Exchange တွင် West Texas Intermediate ရေနံဈေးနှုန်းမှာ ဇွန်လ တင်ပို့မှုအတွက် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၆ ဆင့်မြင့်တက်ကာ ၆၅.၂၈ ဒေါ်လာရှိခဲ့ကြောင်း၊ London ICE Futures Exchange တွင် ဘရန့်ရေနံစိမ်း (Brent crude) မှာမူ ဇူလိုင်လ တင်ပို့အတွက် တစ်စည်လျှင် ၂၃ ဆင့် မြင့်တက်၍ ၆၈.၅၅ ဒေါ်လာနီးပါးရှိခဲ့ကြောင်း သိရသည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ပိတ်ထားရသော အမေရိကန် အဓိကရေနံလောင်စာဆီပိုက်လိုင်းတစ်လိုင်းကို လုပ်ငန်းဆောင်ရွက်သူ Colonial Pipeline ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ကြောင်း မေ ၁၁ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ဒေသများသို့ ဓာတ်ဆီနှင့် ဒီဇယ်များ ပို့လွှတ်နေသော ပိုက်လိုင်း လုပ်ငန်းဆောင်ရွက်သူက ယခုသီတင်းပတ်ကုန်အထိ လုပ်ငန်းဆောင်ရွက်မှုများ ပုံမှန်ပြန်ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်းနှင့် လုပ်ငန်း ပြန်လည်စတင်ရေး လွယ်ကူစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် မေ ၇ ရက်က ransomware အပါအဝင် ဆိုက်ဘာလုံခြုံရေးတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါ ပိုက်လိုင်းလုပ်ငန်းများအားလုံး ယာယီရပ်နားခဲ့ရကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)

Oil prices rise as traders weigh pipeline shutdown impact
Source: Xinhua| 2021-05-12 05:10:14|Editor: huaxia
NEW YORK, May 11 (Xinhua) — Oil prices moved higher on Tuesday as traders followed updates on a vital U.S. fuel pipeline system.
The West Texas Intermediate for June delivery added 36 cents to settle at 65.28 U.S. dollars a barrel on the New York Mercantile Exchange. Brent crude for July delivery increased 23 cents to close at 68.55 dollars a barrel on the London ICE Futures Exchange.
The Colonial Pipeline Company, operator of a main U.S. fuel pipeline that was forced to shut down due to a cybersecurity attack, said Monday that it was working to restore its operations.
The operator of the pipeline carrying gasoline and diesel fuel to U.S. east and southeast parts said that it aimed to restore operational service by the end of the week and a phased approach has being executed to facilitate a return to service.
The company temporarily halted all pipeline operations after the cybersecurity attack involving ransomware was detected on Friday. ■
A man wearing a face mask passes by a gas pump at a gas station in the Brooklyn borough of New York, the United States, on April 20, 2020. (Photo by Michael Nagle/ Xinhua)