Connect with us

North America

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၌ မော်တော်ဘုတ်မီးလောင်မှုတွင် ရုပ်အလောင်း ၂၅ လောင်းရှာတွေ့ထား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၌ မော်တော်ဘုတ်မီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

လောစ့်အိန်းဂျလိစ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတောင်ပိုင်း ဆန်တာခရုကျွန်း(Santa Cruz) ကမ်းလွန်၌ ရေငုပ်သမားများတင်ဆောင်လာသော မော်တော်ဘုတ်တစ်စင်း မီးလောင်မှုတွင် စက်တင်ဘာ ၃ ရက်အထိ ရုပ်အလောင်း ၂၅လောင်း ရှာဖွေတွေ့ရှိထားပြီး နောက်ထပ် ပျောက်ဆုံးနေသူ ၉ ဦးရှိသေးကြောင်း ဒေသတွင်း မီဒီယာက ယနေ့သတင်းများတွင် ဖော်ပြခဲ့သည်။(Xinhua)