North America
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် သေနတ်ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးအပါအဝင် ၄ ဦးသေဆုံး

ချီကာဂို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း မီချီဂန်ပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသ ကင့်နယ်မြေတွင် ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းက အဆောက်အအုံတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံသည် နိုင်ငံ Cedar Springs မြို့ အနောက်မြောက်ဘက် ဆိုလွန်မြို့တွင် တည်ရှိသည်။
ကလေးငယ်များမှာ မူလတန်းကျောင်းသားအရွယ်နှင့် လူငယ်အရွယ်များဖြစ်ကြောင်းနှင့် အခြား အချက်အလက်များ ပြောကြားရန် ရဲတပ်ဖွဲ့ကငြင်းဆိုခဲ့ပြီး သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုရသေးကြောင်း ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ မှုခင်းဆေးပညာရှင်များ စုဝေးရောက်ရှိနေပြီး သေဆုံးသူများကို တွေ့ရှိခဲ့သူများအား တွေ့ဆုံမေးမြန်းနေကြောင်း သိရသည်။ (Xinhua)