Connect with us

North America

အမေရိကန်သည် မြောက်ကိုရီးယား၏နျူကလီးယားခြိမ်းခြောက်မှုများကို ရင်ဆိုင်ရတော့မည်မဟုတ်ကြောင်း ထရန့် ပြောကြား

စင်္ကာပူတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်အား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဝါရှင်တန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်သည် မြောက်ကိုရီးယား၏နျူကလီးယားခြိမ်းခြောက်မှုများကို ရင်ဆိုင်ရတော့မည် မဟုတ်ဟု ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံပြီးနောက် ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ထရန့်သည် စင်္ကာပူတွင် ကင်ဂျုံအန်းနှင့်တွေ့ဆုံပြီးနောက် ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းက အမေရိကန်ကို ပြန်လည်ရောက်ရှိခဲ့သည်။ ကင် နှင့်တွေ့ဆုံပွဲသည် စိတ်ဝင်စားဖွယ်အပြုသဘောဆောင်သည့်တွေ့ဆုံမှုဖြစ်ကြောင်း၊ မြောက်ကိုရီးယားသည် အနာဂတ်အလားအလာအများကြီးကောင်းကြောင်း ၊ အမေရိကန်တွင် မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုများ ရှိတော့မည်မဟုတ်ကြောင်း၊ မြောက်ကိုရီးယားသည် အမေရိကန်၏အန္တရာယ်အကြီးဆုံး ပြဿနာမဟုတ်တော့ကြောင်း ထရန့်က လေယာဉ်ပေါ်မှအဆင်း ဆိုရှယ်မီဒီယာများကို ပြောကြားခဲ့သည်။

နောက်ပိုင်း နှစ်နိုင်ငံ ဆွေးနွေးမှုများတွင် သဘောထားအမှန်ကို လက်ကိုင်ထား ပြီးဆောင်ရွက်မည် ဆိုလျှင် အမေရိကန်အနေဖြင့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင် စရာမလိုတော့သည့်အတွက် အကုန်အကျအများကြီး သက်သာသွားမည်ဖြစ်ကြောင်း ထရန့်က ဆိုသည်။

ထရန့်နှင့် ကင်ဂျုံအန်း၏တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်က စင်္ကာပူ၌ကျင်းပခဲ့ခြင်းဖြစ်ပြီး ပူးတွဲကြေညာချက် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးပုံစံအသစ်ကို ကြိုးစားတည်ဆောက်သွားမည်ဖြစ်ကြောင်း ၊မြောက်ကိုရီးယားကျွန်းဆွယ် ရေရှည်တည်ငြိမ်သည့်ငြိမ်းချမ်းရေးစနစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို လုံခြုံရေးအာမခံချက်ပေးမည်ဟု ကတိပြုခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားလုံးဝကင်းစင်ရေးကတိကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထရန့်က ရန်လိုသည့်အသွင်ကို ဆောင်သည့် ကုန်ကျစရိတ်များသည့် တောင်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.