Connect with us

North America

အမေရိကန်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ပူးပေါင်း၍ ဂျပန် ပင်လယ်ပြင် အနီးတွင် လေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အမေရိကန် နိုင်ငံ လေတပ် မှ B-1B မဟာဗျူဟာမြောက် လေကြောင်း ဗုံးကြဲလေယာဉ် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ လေတပ် မှ မဟာဗျူဟာမြောက် လေကြောင်း ဗုံးကြဲလေယာဉ် နှစ်စင်း သည် အောက်တိုဘာ ၁၀ ရက်နေ့ညပိုင်းအချိန်တွင် ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံ တို့မှ တိုက်လေယာဉ် များနှင့်အတူ ဂျပန် ပင်လယ်ပြင်အနီးတွင် လေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း အမေရိကန် နိုင်ငံ စစ်ဘက် ဆိုင်ရာ က ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ပစိဖိတ်ဒေသလေကြောင်း တပ်ဖွဲ့ မှ ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် အမေရိကန် လေတပ် မှ B-1B ဗုံးကြဲ လေယာဉ် နှစ်စင်း သည် အောက်တိုဘာ ၁၀ ရက်နေ့၌ ဂူအမ်ကျွန်း ရှိ အမေရိကန် တပ်စခန်း မှ စတင်ထွက်ခွာခဲ့ပြီး ဂျပန် နှင့် တောင်ကိုရီးယား တို့မှ F-15 ၂ စင်း နှင့် F-15K ၂ စင်း တို့ကို စေလွှတ်ခဲ့ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ် ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ချက်တွင် အမေရိကန် လေတပ် မှ B-1B ဗုံးကြဲ လေယာဉ် သည် ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံ တို့ဖြင့် ပထမ ဦးဆုံး အကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးလေ့ကျင့်ရသည် ရည်ရွယ်ချက်မှာ ပစိဖိတ် ဒေသရှိ အမေရိကန် နိုင်ငံ တပ်ဖွဲ့ များ၏ အမေရိကန် နိုင်ငံ ကို ကာကွယ်နိုင်မှု စွမ်းရည် နှင့် မဟာမိတ် နိုင်ငံများအကြား ခိုင်မြဲသည့် ဆက်ဆံရေး ကို သက်သေပြလိုသောကြောင့် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

လတ်တလော ကာလတွင် ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုအခြေအနေ အဆက်မပြတ် မြင့်တက် လာခဲ့ပြီး အမေရိကန် နိုင်ငံ ၏ စစ်ရေးလှုပ်ရှားမှုမှာလည်း တဖြည်းဖြည်း ပိုမိုများပြားလာခဲ့သည်။ စက်တင်ဘာ ၂၃ ရက်နေ့တွင်လည်း အမေရိကန် နိုင်ငံ ၏ မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ် အများအပြား သည် တိုက်လေယာဉ် များ၏ ကာကွယ်မှုအောက်တွင် မြောက်ကိုရီးယား နိုင်ငံ အရှေ့ဘက်ရှိ ပင်လယ်ပြင်တွင် ပျံသန်းမှု ပြုလုပ်ခဲ့ပြီး ယင်းပျံသန်းမှုသည် ယခု ရာစုနှစ်အတွင်း အမေရိကန် နိုင်ငံ ၏ မြောက်ကိုရီးယား နိုင်ငံ နှင့် အနီးကပ်ဆုံး ပျံသန်းမှု တစ်ခု ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.