Connect with us

North America

မက္ကဆီကို မြောက်ပိုင်းတွင် ထောင်တွင်းဆူပူမှုဖြစ်ပွားပြီးနောက် သေဆုံးသူ ၁၆ဦးရှိလာ

မက္ကဆီကို မြောက်ပိုင်း Cadereyta အကျဉ်းထောင်၌ ထောင်ဆူမှုများဖြစ်ပွားနေစဉ် (အင်တာနက်)

မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

မက္ကဆီကို မြောက်ပိုင်း Cadereyta အကျဉ်းထောင်၌ အောက်တိုဘာ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ထောင်တွင်းဆူပူမှုကြောင့် သေဆုံးသူဦးရေသည် အောက်တိုဘာ ၁၁ ရက်တွင် ၁၆ဦးရှိလာကြောင်း Nuevo Leon ပြည်နယ် ရှေ့နေချုပ် ကပြောကြားခဲ့သည်။

Bernardo Gonzalez က သေဆုံးရခြင်းအကြောင်းရင်း အတိအကျကို စုံစမ်းစစ်ဆေးနေကြောင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

၎င်းက ပြည်နယ်မြို့တော် Monterrey အပြင်ဘက် ၄၅ကီလိုမီတာ အကွာ ရှိ အကျဉ်းထောင်တွင် ၈နာရီကြာဖြစ်ပွားခဲ့သော ထောင်တွင်းဆူပူမှု၌ ပါဝင်ခဲ့သူ အနည်းဆုံးလူ ၅၄ဦးကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

အကျဉ်းသားများက ထောင်စောင့် သုံးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးပြီး အကျဉ်ထောင်အခန်းအပေါ်သို့ ခေါ်ဆောင်သွားကာ ခေါင်မိုးပေါ်မှ ပစ်ချမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထောင်ဆူမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အကျဉ်းသားများသည် အကျဉ်းထောင်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ မဝင်ရောက်လာစေရန် နေရာများစွာကို မီးတင်ရှို့ခဲ့သောကြောင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် အကျဉ်းထောင်အတွင်းသို့ အင်အားသုံး ဝင်ရောက်ကာ ထောင်ဆူမှုအား ထိန်းချုပ်ခဲ့ရကြောင်း ပြည်နယ်လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်စင်တာ ညွှန်ကြားရေးမှူး Aldo Fasci ကပြောကြားခဲ့သည်။

ယခုထောင်ဆူမှု သည် ၂၀၁၇ခုနှစ်အတွင်း Cadereyta အကျဉ်းထောင်၌ ဒုတိယအကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်ပြီး မတ်လတွင် ဖြစ်ပွားခဲ့သည့် ထောင်ဆူမှုကြောင့် လူ၄ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.