Connect with us

North America

အာဖဂန်နစ္စတန် အခြေစိုက် အမေရိကန်တပ်ဖွဲ့ တိုက်ခိုက်ခံရမှုကြောင့် ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

အာဖဂန် အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် စက်တင်ဘာ ၃ ရက်က အမေရိကန်တပ်ဖွဲ့ တိုက်ခိုက်ခံရ ကြောင်း ၊ ထိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အခြေစိုက် အမေရိကန်စစ်တပ်က ယင်းနေ့တွင် ကြေညာခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုမှာ တပ်ဖွဲ့အတွင်းလူက တိုက်ခိုက်ခြင်းဖြစ်သည်မှာ ထင်ရှားကြောင်း ၊ ၎င်းမှာ ၂လကြာကာလအတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် ဒဏ်ရာရတပ်ဖွဲ့ဝင်၏အခြေအနေကောင်းမွန်ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပုံအသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ယခုနှစ်အတွင်း အာဖဂန် အခြေစိုက် အမေရိကန်စစ်တပ်တွင် သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ Urozgan ပြည်နယ်အခြေစိုက် အမေရိကန် တပ်ဖွဲ့တွင်လည်း တပ်ဖွဲ့အတွင်းလူ ၏တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူက ဇူလိုင်လ ၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.